Connect with us

Politics, Law & Military

ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့၌ တရားမဝင်ကုန်ပစ္စည်း ကျပ်၃သန်းကျော်ဖိုး ဖမ်းမိ

အမြဲတမ်းစစ်ဆေးရေးစခန်းတို့၌ ဖမ်းဆီးရမိသော တရားမ၀င်ပစ္စည်းများအားတွေ့ရစဉ်(ဓာတ်ပုံ-ကြေးမုံ)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂ ရက်တွင် ခန့်မှန်းတန်ဖိုးငွေ ၃သန်းကျော်ဖိုးရှိ တရားမဝင် ကုန်စည်များ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများ ကို စစ်ဆေးမှုပြုလုပ် ဆောင်ရွက်လျက်ရှိရာ

အောက်တိုဘာ ၂ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု နှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂ ဒသမ ၆ဝ၂ သန်း)၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု နှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် သုည ဒသမ ၄၆ သန်း)စုစုပေါင်း တားဆီးမှု လေးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ဝ၆၂ သန်း) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထူးခြားဖမ်းဆီးမှုအနေဖြင့် အောက်တိုဘာ ၂ ရက်တွင် မန္တလေးမြို့နှင့် မူဆယ်မြို့များသို့ သွားရောက်မည့်ယာဉ်များအား ရေပူအမြဲတမ်းစစ်ဆေးရေး စခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်စဉ် ခရီးသည်တင် ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း ခြောက်မျိုး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂ ဒသမ ၆ဝ၂ သန်း) စစ်ဆေးတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.