Connect with us

Politics, Law & Military

သြဂုတ်လအတွင်း ပြည်ပသို့တရားဝင် အလုပ် သွားရောက် လုပ်ကိုင်သူ ၂၄,ဝဝဝ ကျော်နှင့် ပြည်တွင်း အလုပ် နေရာ ၂၄,ဝဝဝ ကျော်အား ခန့်ထားခဲ့ ဟုဆို

အထည်ချုပ် စက်ရုံ တစ်ခုတွင် လုပ်ကိုင်နေသူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ပြည်ပသို့တရားဝင် အလုပ် သွားရောက် လုပ်ကိုင်သူ ၂၄,ဝဝဝ ကျော်နှင့် ပြည်တွင်း အလုပ် နေရာ ၂၄,ဝဝဝ ကျော်အား သြဂုတ်လ အတွင်း ခန့်ထား နိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သြဂုတ်လအတွင်း အလုပ်ရရှိမှုအခြေ အနေမှာ အစိုးရအလုပ်အကိုင်အနေဖြင့် ၆၃၄ ဦး၊ ပုဂ္ဂလိကအနေဖြင့် ၂၃,၅၅၆ ဦး စုစုပေါင်း ၂၄,၁၉ဝ ဦး ဖြစ်ကြောင်း သိရသည်။

နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှုအနေဖြင့် မလေးရှားနိုင်ငံသို့ ၃၃၁ဝ ဦး ၊ စင်ကာပူနိုင်ငံသို့ ၆၈ ဦး၊ ကိုရီးယား နိုင်ငံသို့ ၄၉၉ ဦး၊ ထိုင်းနိုင်ငံသို့ ၁၉,၇၂၁ ဦး၊ ဂျပန်နိုင်ငံသို့ ၅၄၅ ဦး ၊ယူအေအီးသို့ လေးဦး၊ ကာတာနိုင်ငံသို့ သုံးဦး ၊ ဂျော်ဒန် နိုင်ငံသို့ ခုနစ်ဦး စုစုပေါင်း ၂၄,၁၅၇ ဦး ဖြစ်ကြောင်း သိရသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်း ဝင်ငွေတိုးပွား စေရေးအတွက် ရည်ရွယ်၍ အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေး အတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်း အလုပ် အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.