Connect with us

Politics, Law & Military

၂၀၁၇ – ၁၈ တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလီယံခွဲခန့် ကျဆင်းခဲ့

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်ပမာဏ ပိုမို တင်ပို့နိုင် ခဲ့ခြင်းကြောင့် ကုန်သွယ်မှု လိုငွေသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ လျော့ကျ ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ကိုယ်စား စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည်။

“၂၀၁၆ – ၁၇ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ ပို့ကုန် တန်ဖိုးဟာ ဒေါ်လာ ၁၂ ဘီလီယံရှိခဲ့ပေမယ့် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံအထိ တိုးလာပါတယ်၊ ကုန်သွယ်မှု လိုငွေဟာ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံ ရှိခဲ့ရာက အခု ၂၀၁၇ – ၁၈ မှာ ၃ ဒသမ ၈ ဘီလျံသို့ ကျဆင်းခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့က အမျိုးသား အဆင့် ပို့ကုန် မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (NES:_ National Export Strategy) ဖြင့် ဆောင်ရွက်လျက်ရှိပြီး ဦးစားပေး ကဏ္ဍဖြစ် သော ဆန်၊ ပဲအမျိုးမျိူး၊ ဆီထွက် သီးနှံ၊ ရေထွက်ပစ္စည်း၊ အထည်အလိပ်၊ သစ်နှင့် သစ်တောထွက် ပစ္စည်း၊ စသည့် ကုန်စည် ငါးမျိုးအား ကဏ္ဍတစ်ခုချင်းအလိုက် စီမံချက်များချမှတ် ဆောင်ရွက်နေ သဖြင့် ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ခြင်း၊ ပို့ကုန် အမည်များ တိုးချဲ့ခြင်း၊ တင်ပို့သည့် နိုင်ငံများ တိုးချဲ့ခြင်း၊ ပို့ကုန် ပမာဏ တိုးချဲ့ခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် ကုန်သွယ်မှု လိုငွေ လျော့ကျ ခဲ့ခြင်းဖြစ်ကြောင်း တစ်ဘက်မှလည်း သွင်းကုန် အစားထိုးမှုများ ဖြစ်ပေါ်စေရန် ဆောင်ရွက်လျက် ရှိကြောင်း၊ အထူးစီးပွားရေးဇုန်များသည် ပို့ကုန် တိုးချဲ့ တင်ပို့နိုင်စေသကဲ့သို့ သွင်းကုန် အစားထိုး မှုကိုလည်းဖြစ်စေသည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.