Connect with us

Politics, Law & Military

၂၀၁၇ – ၁၈ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရေအတွက် ပိုများလာ

စီးပွားရေးမြို့တော်ဖြစ်သောရန်ကုန်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

၂၀၁၇ – ၁၈ မြန်မာနိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော နိုင်ငံ အရေအတွက်နှင့် လုပ်ငန်း ကဏ္ဍတို့ ယခင်နှစ်ကထက် ပိုများလာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC:_ Myanmar Investment commission) ဥက္ကဋ္ဌ၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက ယမန်နေ့က ပြောကြားခဲ့သည်။

“ယခုနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယခင်နှစ်ထက် နည်းပါးခဲ့သော်လည်း နိုင်ငံ အရေအတွက် နဲ့ လုပ်ငန်း ကဏ္ဍတို့သာမက လုပ်ငန်း အရေအတွက်များလည်း တိုးတက်လာတာကို တွေ့ရှိရပါ တယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက ယမန်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လာရောက် ဖြေကြားရာတွင် ပြောခဲ့ခြင်းဖြစ်သည်။

၂၀၁၆ – ၁၇ နှင့် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် နှစ်ခု စလုံး၌ စင်ကာပူနိုင်ငံသညိ မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ ယူနိုက်တက် ကင်းဒမ်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု တို့ကလည်း ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ယခင်နှစ်က ထက် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ပြုလုပ်လာကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေကို နှိုင်းယှဉ်ကြည့်လျှင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံး ရရှီခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုနှင့် ဂျီဒီပီ အချိုးမှာ ၇ ရာခိုင်နှုန်း ဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက စတုတ္ထအဆင့်တွင် ရှိသည်ကို တွေ့ရကြောင်းလည်း ကော်မရှင် ဥက္ကဋ္ဌက လွှတ်တော်သို့ ရှင်းပြခဲ့သည်။

၂၀၁၇ – ၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် အလုပ်အကိုင် ပေါင်း ၈၂၀၀၀ ကျော်၊ ပဲခူးတိုင်း ဒေသကြီးတွင် ၁၆၀၀၀ ကျော်နှင့် မန္တလေးတိုင်းဒေသကြီးတွင် ၁၁၀၀၀ ကျော် ဖန်တီးပေး နိုင်ခဲ့ ကြောင်း၊ တစ်နိုင်ငံလုံးအတွက်အလုပ်အကိုင်ပေါင်း၁၀၈,၀၀၀ ကျော်ဖန်တီးပေးနိုင်ခဲ့ပြီး စက်မှု ကဏ္ဍတွင် ၉၃၀၀၀ ကျော်၊ ဝန်ဆောင်မှု ကဏ္ဍတွင် ၉၀၀၀ ကျော်နှင့် အိမ်ယာ အဆောက်အအုံ ကဏ္ဍတွင် ၆၀၀၀ ကျော်တို့ဖြစ်ကြကြောင်းလည်း ကော်မရှင် ဥက္ကဋ္ဌက ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.