Connect with us

Politics, Law & Military

ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များက ရခိုင်ပြည်နယ်ဆိုင်ရာ သတင်းစာ ရှင်းပွဲပြုလုပ်


နေပြည်တော်၊ မေလ ၁ ရက် (ဆင်ဟွာ)

ကုလ သမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့၏ရခိုင်ပြည်နယ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို နေပြည်တော် လေဆိပ်တွင် ယနေ့ညနေပိုင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းပွဲ၌ မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်သို့ မသွားရောက်မီ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် လည်း ကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု ကူညီထောက်ပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့ အစည်းများနှင့်လည်းကောင်း ယမန်နေ့က တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်း၊ ယနေ့တွင် ရခိုင်ပြည်နယ် သို့ သွားရောက် ကြည့်ရှုခဲ့ကြပြီး ဆောင်ရွက်ဖွယ်ရှိ သည်များကို တွေ့ဆုံဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာဘက်မှ စိစစ်ပြီးသူများအား ပြန်လည်လက်ခံရန် အဆင့်သင့် ဖြစ်နေပြီဟု ပြောကြားကြောင်း၊ နေရပ် စွန့်ခွာသွားသူများက မြန်မာနိုင်ငံသို့ စိတ်ချလက်ချ ပြန်လာလိုစိတ်ဖြစ် လာရန် မြန်မာအစိုးရအနေဖြင့် ပြန်လည်နေရာ ချထားရေး လုပ်ငန်းများအား ယခုထက်ပိုပြီး ကောင်းမွန် ပြည့်စုံစေရန် ဆောင်ရွက်စေလိုကြောင်း၊ အဆိုပါ လုပ်ငန်းများအားအကောင်အထည် ဖော်ရာတွင်ကုလသမဂ္ဂ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုအခန်းကဏ္ဍကိုလက်ခံစေလိုကြောင်း၊ ထိုသို့ ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်းဖြင့် ပိုမို အောင်မြင်စေ မည်ဟု ယုံကြည်ပါကြောင်း ကိုယ်စားလှယ် အဖွဲ့ကိုယ်စား အဖွဲ့ဝင်လေးဦးတို့က ရှင်းလင်းပြောကြားခဲ့ကြသည်။

ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များက ရခိုင်ပြည်နယ်ဆိုင်ရာ သတင်းစာ ရှင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

ယနေ့နံနက်ပိုင်း၌ ရခိုင်ပြည်နယ်သို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြပြီး ညနေပိုင်း နေပြည်တော် လေဆိပ်သို့ ပြန်အရောက်တွင် အဖွဲ့ဝင်များအနက် Poland နိုင်ငံ မှ Ms. Jonna Wreneeka (PR), UK နိုင်ငံ မှ Ms. Karen Pierce (PR), Peru နိုင်ငံမှ Mr. Gustavo Meza Quadra Velazquez (PR), Kuwait နိုင်ငံမှ Mr. Mansour Alotaibi (PR) တို့က သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။အဆိုပါ သတင်းစာ ရှင်းပွဲသို့ ပြည်တွင်း ပြည်ပ မီဒီယာသမား တစ်ရာကျော်ခန့် တက်ရောက်ခဲ့ကြ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.