Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းရှိ ဘေလီတံတားကို ပြောက်ကျား ဝတ်စုံဝတ်ဆင်ထားသူ ၈ ဦး လာရောက် ပစ်ခတ်မှု ဖြစ်ပွား

တံတား၏ မြောက်ဘက်မှ ရှာဖွေ တွေ့ရှိသော လက်နက်ခဲယမ်းများ အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ)

စစ်ကိုင်း တိုင်းဒေသကြီး တမူးခရိုင် မြို့သစ်မြို့ မင်းသာကျေးရွာမြောက်ဘက်ရှိ နန်းသလက်သံပေါင် ဘေလီတံတားကို ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသူ ၈ ဦးမှ လာရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်နယ် အစိုးရထံမှ သိရသည်။

တမူး-စေတီသွား ကားလမ်း တမူးမြို့နှင့် ၂၆ မိုင်ခန့်အကွာ မိုင်တိုင် အမှတ် (၂ဝ/၇) နှင့် (၂၁/ဝ) ကြားရှိ အရှည်ပေ ၃၄ဝ၊ အကျယ် ၁၂ ပေရှိ နန်းသလက်သံပေါင် ဘေလီတံတားကို မေလ ၂၅ ရက် နံနက် ၆ နာရီ ၁၈ မိနစ်မှ ၆ နာရီ ၂၅ မိနစ်အထိ လာရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ အခင်းဖြစ်ပွားရာ နေရာကို တာဝန်ရှိသူများ သွားရောက် စစ်ဆေးရာ ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု မရှိဘဲ နန်းသလက် တံတား၏ မင်းသာကျေးရွာဘက်ခြမ်းမှ ပေ ၁၇ဝ ခန့် အောက်ရေ လည်တိုင် အမှတ်(၃)၊ အပေါ်တံတား ကိုယ်ထည် သံပေါင်အား သေနတ် ထိမှန်ချက် စစ်ဆေးတွေ့ ရှိခဲ့ပြီး တံတား၏ မြောက်ဘက် (အိန္ဒိယ နိုင်ငံ ဘက်ခြမ်း) ကိုက် ၂ဝဝ ခန့်အကွာ တောစပ်နေရာတွင် ၇ ဒသမ ၆၂ ကျည်ခွံအရှည် ၇၅ ခု၊ ၇ ဒသမ ၆၂ ကျည်ခွံအတို ၁ဝ၃ ခု၊ 335 နှင့် 10 စာတမ်းပါ ကျည်ခွံ ၃၆ ခု ၎င်းခါးပတ် ၂၅ ပါတစ်ခုနှင့် ၃ဝ ပါတစ်ခု၊ 84 mm ကျည်ခွံ ငါးခုတို့အား စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းတံတား ပစ်ခတ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းချက် အရ ပြောက်ကျား ဝတ်စုံနှင့် ခေါင်းစွပ် ဝတ်ထားသော လက်နက်ကိုင် လူရှစ်ဦးခန့်က တံတားကို လာရောက် ပစ်ခတ်သွားခြင်း ဖြစ်ပြီး အိန္ဒိယနိုင်ငံ ဘက်ခြမ်းရှိ မက္ကလပ် ကျေးရွာ ဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.