Connect with us

Politics, Law & Military

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး လက်နက်မှောင်ခို ပပျောက်ရေး အပါအဝင် အခြားကဏ္ဍများ အတွက် ဆွေးနွေး

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာတို့ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာတို့သည် ထိုင်းနိုင်ငံတွင် တွေ့ဆုံပြီး လက်နက်မှောင်ခို ပပျောက်ရေး အပါအဝင် အခြားကဏ္ဍများ အတွက် ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံရာ ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားမဝင် မှောင်ခိုလုပ်ငန်းများ၊ လက်နက် မှောင်ခိုမှုများ ပပျောက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က လိပ်ကျွန်း ဖြစ်စဉ်တွင် ပါဝင်သော မြန်မာနိုင်ငံသား နှစ်ဦးနှင့် စပ်လျဉ်း၍ တတိယနိုင်ငံ ပါဝင်နေသဖြင့် အခြေအနေ မှန်အား လေ့လာစေလျက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌ General Prem Tinsulanonda နှင့်လည်း တွေ့ဆုံခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် မေလ ၂၅ ရက် ညနေပိုင်းတွင် ဘန်ကောက်မြို့ရှိ Thai Bev Group Industry (Oishi Group) ကုန်ထုတ် လုပ်ငန်းသို့ သွားရောက်ကြည့်ရှု လေ့လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.