Connect with us

Politics, Law & Military

စည်းကမ်းမလိုက်နာသည့် ယာဉ်အစီးရေ ၆၁၁၉ စီးအား ခြောက်လအတွင်း အရေးယူခဲ့ပြီးဖြစ်

ဆူးလေဘုရားအနီး ယာဉ်ကြော ပိတ်ဆို့နေမှုအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-- ဆင်ဟွာ)

ရန်ကုန်၊ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော်အတွင်းရှိ စည်းကမ်းမလိုက်နာသောယာဉ်များအား OCC (Online Complain Center ) သို့တိုင်ကြားခဲ့ရာ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်မှ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ ခြောက်လအတွင်း မော်တော်ယာဉ် အစီးရေ ၆၁၁၉ စီးကို အရေးယူခဲ့ပြီး ဒဏ်ကြေးငွေ ကျပ်သိန်း ၁၈၀၀ ကျော်ရရှိခဲ့ကြောင်းအမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါယာဉ်များကို Yangon Traffic Police Facebook စာမျက်နှာနှင့် Viber မှတစ်ဆင့် တိုင်ကြားမှုလက်ခံရရှိပြီးနောက်မော်တော်ယာဉ်အစီးရေ ၆၀၀၀ ကျော်အား အရေးယူထားရာ လမ်းပြောင်းပြန်မောင်းနှင်သည့်မော်တော်ယာဉ်မှာ အများဆုံးဖြစ်ကြောင်း သိရသည်။

စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား တိုင်ကြားရန် ပေးထားသည့် Viber နှင့် တိုင်ကြားမှုများအရ တစ်နေ့လျှင် ကားအစီးရေ ၃၀၀ကျော်ခန့်ရှိကြောင်း၊ တိုင်ကြားမှုများအား ပြန်စိစစ်ပြီး စည်းကမ်းမလိုက်နာသည့် ယာဉ်များအား အရေးယူခဲ့ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ သတ်မှတ်ပေးသည့် နံပါတ်အား တပ်ဆင်ခြင်းမရှိပဲ မောင်းနှင်သည့် ယာဉ်များအားလည်း အရေးယူလျက်ရှိကြောင်း သိရသည်။

ယာဉ်စည်းကမ်းဖောက်ဖျက်သည့်အတွက်OCC ဖြင့် တိုင်ကြားအရေးယူခဲ့သော ကိုယ်ပိုင်ယာဉ် ၂၅၇၄ စီး၊ အငှားယာဉ် ၂၀၇၈စီး၊ ခရီးသည်တင်ယာဉ် ၁၀၉၁ စီးနှင့် ကုန်တင်ယာဉ် ၃၇၆ စီးတို့ကိုအရေးယူခဲ့ပြီးဒဏ်ငွေပြစ်ဒဏ်အဖြစ်ကျပ်သုံးသောင်းမှတစ်သိန်းအထိချမှတ်နိုင်ကြောင်း သိရသည်။

စည်းကမ်းဖောက်ဖျက်သည့်ယာဉ်များအား တိုင်ကြားလိုပါက Yangon Traffic Police Facebook စာမျက်နှာအပြင်+၉၅၉၇၃၀၉၃၂၂၆၊ +၉၅၉၉၇၉၁၂၀၃၂၈၊+၉၅၉၇၉၅၂၅၄၇၃၀ နှင့် +၉၅၉၉၇၁၂၂-၀၉၅၀ စသည့်နံပါတ်များသို့Viber မှတစ်ဆင့်တိုင်ကြားနိုင်ကြောင်း OCC (Online Complain Center ) မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.