Connect with us

Politics, Law & Military

တစ်ဒေါ်လာ ၁,၁၉၇ ကျပ်အထိ ဒေါ်လာဈေးစွာလာ

ဒေါ်လာ နှင့် မြန်မာကျပ်ငွေအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

တစ်ဒေါ်လာကို ကျပ် ၁,၁၆၈ မှ ကျပ် ၁,၁၉၇ အထိ ရက်ပိုင်းအတွင်း ၂၉ ကျပ် ဈေးမြင့်ခဲ့ပြီး၊ ထိုကဲ့သို့ ဒေါ်လာဈေး မြင့်တက်ခြင်းသည် ယာယီတက်ခြင်းသာ ဖြစ်နိုင်ကြောင်း ဒေါ်လာဈေးကွက်ကို စောင့်ကြည့်လေ့လာ သူ ဦးစန်းဝင်းက ဆင်ဟွာကို ပြောသည်။

ဦးစန်းဝင်းက “လွှတ်တော်မှာ တောင်သူလယ်သမားတွေ အတွက် ချေးငွေ ကျပ်ဘီလီယံ ၅၀၀ ကို ချေးပေးဖို့ သဘောတူခဲ့တယ်။ ဗဟိုဘဏ်မှာ ကျပ်ဘီလီယံ ၅၀၀ မရှိတော့ ငွေစက္ကူ ရိုက်ထုတ်ရမယ်ဆိုတော့ ယာယီငွေကြေးဖောင်းပွမယ်ပေါ့။ ဒါကြောင့် ဒေါ်လာဈေးက ယာယီတက်တာလို့ ပြောလို့ရပါတယ်’’ ဟုပြောသည်။
၎င်းကျပ်ဘီလီယံ ၅၀၀ သည် ချေးငွေဖြစ်သည့် အတွက် ဗဟိုဘဏ်သို့ ငွေများပြန်လည် ဝင်ရောက်မည်ဖြစ်သည့် အတွက် ဒေါ်လာဈေးက ရေရှည် တက်နိုင်မည်မဟုတ်ကြောင်း ၎င်းကဆိုသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုများလည်း ဆက်တိုက် ဝင်လျက်ရှိသည့်အတွက် ဒေါ်လာဈေးက တက်ရိပ်နည်းကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက “ အဓိကကတော့ ကျပ်ဘီလီယံ ၅၀၀ ချေးငွေပေးမယ်ဆိုလို့ ငွေကြေးဖောင်းပွမှာစိုးပြီး ဒေါ်လာကို လိုက်ဝယ်တယ်။ ကျွန်တော်ထင်တာတော့ ဘီလီယံ ၅၀၀ လုံးကို ငွေရိုက်ထုတ်တာ မဟုတ်ပဲ တစ်ဖက်က အခွန်အခတွေက နေရော သုံးမလားပေါ့။ ဒါကတော့ အစိုးရကစဉ်းစားရမယ့်ကိစ္စပေါ့။ ဒေါ်လာဈေး တက်မတက်ကတော့လက်ရှိမှာ ပြောရခက်နေ ပါသေးတယ်’’ ဟုပြောသည်။
ယနေ့ ညနေဘက်တွင် ပြင်ပဈေး ကွက်တွင် တစ်ဒေါ်လာကျပ် ၁,၁၉၇၊ စင်ကာပူ တစ်ဒေါ်လာ ကျပ် ၈၆၀၊
ထိုင်းတစ်ဘတ် လျှင် ၃၃ ကျပ်၊ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁,၂၂၄ ဒေါ်လာ ၊ ရွှေတစ်ကျပ်သား ကျပ် ၇၈၆,၀၀၀ ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.