Connect with us

Politics, Law & Military

တရားစီရင်ရေးဆိုင်ရာ အရည်အသွေး ပွင့်လင်းမြင်သာရှိရန် အစီရင်ခံစာ ထုတ်ရခြင်းဖြစ်

ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး အဖွင့် မိန့် ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေလ ၂ ရက် (ဆင်ဟွာ)

တရားရုံးအဆင့်ဆင့်က ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် တရားစီရင်ရေး ဆိုင်ရာ အရည်အသွေး ကို အများပြည်သူများ ပွင့်လင်းမြင်သာ သိမြင်နိုင်ရန် တရားရုံး နှစ်စဉ် အစီရင်ခံစာကို ထုတ်ပြန်ရခြင်း ဖြစ် ကြောင်း ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ယနေ့ ပြောကြားခဲ့သည်။

“ပြည်ထောင်စု တရားလွှတ်တော်ချုပ် အပါအဝင် တရားရုံး အဆင့်ဆင့်က ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအပေါ် တရားစီရင်ရေးဆိုင်ရာ တာဝန်သိမှု တာဝန်ခံယူမှုနဲ့ ပတ်သက်ပြီး တရားရုံးနဲ့ ပတ်သက်နေသူများသာမက အများပြည်သူကပါ ပွင့်လင်းမြင်သာ သိရှိနိုင်ဖို့ တရားရုံးနှစ်စဉ် အစီရင်ခံစာကို ထုတ်ပြန်ရတာဖြစ်ပါတယ်၊ အစီရင်ခံစာပါ ကိန်းဂဏန်း အချက်အလက်များနဲ့ ညွှန်ပြထားတဲ့ Quantity Justice ကနေ တရားစီရင်ရေးဆိုင်ရာ အရည်အသွေး Quality Justice ကို သိမြင်နိုင်မှာ ဖြစ်ပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့နံနက်ပိုင်း ပြုလုပ်ခဲ့သော ၂၀၁၇ ခုနှစ် တရားရုံး နှစ်စဉ် အစီရင်ခံစာစာအုပ် မိတ်ဆက်ပွဲ၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

တရားစီရင်ရေး အစီရင်ခံစာ စာအုပ် မိတ်ဆက်ပွဲကျင်းပနေစဉ် (ဆင်ဟွာ)

တရားစီရင်ရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းများကို မဟာဗျူဟာ စီမံကိန်းများ ချမှတ် ဆောင်ရွက်ရာတွင် တရားရုံး အစီရင်ခံစာ ထုတ်ပြန်ခြင်းမှ အရေးကြီးသည့် လုပ်ငန်း တစ်ခု ဖြစ် ကြောင်း၊ တရားစီရင်ရေး မဏ္ဍိုင် တည့်မတ်ခိုင်မာရေးအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ တရားရုံး အဆင့်ဆင့်က အားထုတ် ဆောင်ရွက်လျက်ရှိကြောင်း၊ တရားစီရင်ရေး ကဏ္ဍတွင် အဆင့်ဆင့်သော တရားရုံးများက အဓိကကျကြောင်း၊ ထို့အတူ အများ ပြည်သူ – အထူးအားဖြင့် နစ်နာ ဆုံးရှုံးသူများအတွက် တရားမျှတသည့် ကုစားမှုများကို သွက်လက် မြန်ဆန်စွာ ဆောင်ကြဉ်းပေးနိုင်ဖို့၊ ကျူးလွန်ဖောက်ဖျက်သူများကို တရားဥပဒေဘောင်အတွင်းက ထိရောက်စွာ အရေးယူနိုင်ရေးအတွက် တရားမျှတမှု ကဏ္ဍမှ အကျိုး သက်ဆိုင်သူများ ဖြစ်သော တရားစွဲ အဖွဲ့အစည်းများ၊ ရှေ့နေရှေ့ရပ်များ၊ ဥပဒေ အထောက်အကူပေးရေး ဆိုင်ရာ ဥပဒေအရ ဖွဲ့စည်း ထားသည့် အဖွဲ့အစည်းများ၊ တရားရုံး အသုံးပြုသူများကလည်း ဝိုင်းဝန်း ကူညီ ဆောင် ရွက်ကြမှသာ တိုးတက် ကောင်းမွန်သည့် တရားမျှတမှုများ၊ တရားရုံး ဝန်ဆောင်မှုများကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု တရားသူကြီးချုပ်က ဖြည့်စွက် ပြောကြားခဲ့ သည်။

ယခု “၂၀၁၇ ခုနှစ် တရားရုံးှနှစ်စဉ် အစီရင်ခံစာ စာအုပ်” သည် သုံးနှစ်ကာလ (၂၀၁၅ မှ ၂၀၁၇ ) တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း၏ ဒုတိယမြောက် စာအုပ် ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ပထမစာအုပ်ကို ထုတ်ဝေခဲ့ကြောင်းနှင့် နှစ်စဉ် ဆက်လက် ထုတ်ဝေသွားရန် ကတိပြုပါကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ပြောခဲ့သည်။

ထို့အတူ ယခု အစီရင်ခံစာ စာအုပ်နှင့် ပတ်သက်ပြီး ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက “ဒီစာအုပ်မှာ ၂၀၁၇ ခုနှစ်အတွင်း တရားရုံးများရဲ့ ဆောင်ရွက် ချက်တွေ၊ တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်းရဲ့ ရည်မှန်းချက်တွေ၊ ရလဒ်တွေနဲ့ လိုအပ်ချက်တွေ၊ အဲဒီဆောင်ရွက်မှုတွေကို တိုင်းတာ ညွှန်ပြထားတဲ့ အညွှန်းကိန်းတွေကို အပိုင်းလိုက် ကဏ္ဍအလိုက် ကိန်းဂဏန်း အချက်အလက်တွေ၊ ဆောင်ရွက်ပြီးစီးမှု ရာခိုင်နှုန်းတွေနဲ့ ဖော်ပြထားပါတယ်” ဟု ရှင်းလင်း ပြောကြားခဲ့သည်။

နောက်ဆက်တွဲ ဇယားချပ်များ အပါအဝင် စာမျက်နှာ သုံးရာခန့်ရှိပြီး အင်္ဂလိပ် ၊ မြန်မာ နှစ်ဘာသာ ဖြင့် ပြုစုထားသော အဆိုပါ ၂၀၁၇ တရားရုံးှနှစ်စဉ် အစီရင်ခံစာ အစီရင်ခံစာ စာအုပ်ကို http://www.unionsupremecourt.gov.mm တွင် ရရှိနိုင်ကြောင်း၊ တရားရုံးနှစ်စဉ် အစီရင်ခံစာ ပြုစုရေး လုပ်ငန်းအဖွဲ့အား [email protected] ဖြင့် ဆက်သွယ်နိုင်ကြောင်းလည်း စာအုပ်တွင် ဖော်ပြ ပါရှိသည်။

အဆိုပါ အခမ်းအနားသို့ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယ ရှေ့နေချုပ်၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ သက်ဆိုင်ရာ သံရုံးများမှ တာဝန်ရှိသူများ၊ ကုလ သမဂ္ဂ အဖွဲ့အစည်း များနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများမှ အကြီးအကဲများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.