Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် အတည်ပြု

သမ္မတ သက်တမ်း ၅ နှစ် ကုန်ဆုံးအပြီး မကြာမီ တာဝန်မှ အနားယူတော့မည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒကြမ်းကို ယနေ့ ကျင်းပသော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်၌ အတည်ပြု လိုက်သည်။

အဆိုပါ ဥပဒေကြမ်းသည် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူကို ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သော ကိစ္စများကို နောက်ကြောင်းပြန် တရားစွဲဆိုခွင့် မရှိစေရေး ၊ သမ္မတ တာဝန်ထမ်းခဲ့သူကို ပြည်ထဲရေး ဝန်ကြီးဌာနမှသာ လုံခြုံရေး အစောင့်အရှောက်ပေးရေး အချက်များ ပါဝင်သော ဥပဒေကြမ်း တစ်ရပ်ဖြစ်ပြီး ယင်း ဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲခဲ့သည့် အဆိုပါ နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.