Connect with us

Politics, Law & Military

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ဖြင့် လုပ်ကိုင်ခွင့် ရရှိရန် ကြိုးစားလျက်ရှိ

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွားများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

နိုင်ငံခြားသား အလုပ်သမားအား လွှတ်တော်သို့ တင်ပြ၍ အဆိုပါဥပဒေ အတည်ပြုပြီးပါက မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားများ အနေဖြင့် တရားဝင် အလုပ်လုပ်ကိုင်ခွင့် (Work Permit) ဖြင့် လာရောက်လုပ်ကိုင်ခွင့် ရရှိရန် ကြိုးစားလျက် ရှိကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောသည်။

မြန်မာနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရသည့် ဥပဒေရေးဆွဲထားပြီ ဖြစ်ကြောင်း၊ ၎င်းဥပဒေကြမ်းကို အလုပ်သမား ဝန်ကြီးဌာနက ရေးဆွဲထားကြောင်း၊ ထိုမှတစ်ဆင့် လုပ်ငန်းရှင်များအား ချပြမည် ဖြစ်ကြောင်း၊ လွှတ်တော်သို့တင်ပြ၍ လွှတ်တော်တွင် ဆွေးနွေးအတည်ပြုမည် ဖြစ်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများ ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်ရာတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်များ ထုတ်ပေးနေသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ပြည်ပမှ လာရောက် အလုပ်လုပ်ကိုင်သော နိုင်ငံခြားသား အလုပ် သမားများအား ဥပဒေနှင့် အညီWork Permit များ ထုတ်ပေးသွားရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေကြမ်းအခန်း (၇) တွင် အလုပ်ရှင်သည် နိုင်ငံခြားသား အလုပ်သမား ခန့်ထားလိုပါက သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့်အတူ မြို့နယ် မှတ်ပုံတင် အရာရှိထံ လျှောက်ထား၍ ခွင့်ပြုချက်ရရှိပြီးမှသာ ခန့်ထားခွင့် ရှိကြောင်း၊ နိုင်ငံခြားသား အလုပ်သမားများ မြန်မာနိုင်ငံသို့ ရောက်ရှိသည့်နေ့မှ နှစ်ရက်အတွင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရရှိထားပြီး ဝန်ကြီးဌာနက အသိအမှတ်ပြု ထားသော ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေး စစ်ဆေးမှု ခံယူနိုင်ရေးအတွက် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ သတ်မှတ်ထားသော ဆေးအဆင့် မမီကြောင်း စစ်ဆေးတွေ့ရှိပါက မြို့နယ် မှတ်ပုံတင် အရာရှိထံ သတင်းပို့၍ နေရင်းနိုင်ငံသို့ သုံးရက်အတွင်း ပြန်လည်ပို့ဆောင် ရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား အလုပ်သမားများကို အလုပ်လုပ်ကိုင်ခွင့် လက်မှတ်တွင် ခွင့်ပြုထားသည့် သက်တမ်းထက် ကျော်လွန်၍ အလုပ်ခန့်ထားခြင်း မပြုရကြောင်း စသည်ဖြင့် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.