Connect with us

Politics, Law & Military

အာဇာနည်နေ့တွင် နိုင်ငံတော် အလံ တိုင်ဝက် လွှင့်ထူရန်နှင့် ဥသြဆွဲရန် အစိုးရရုံး ဌာန အားလုံးသို့ ညွှန်ကြားထား

အာဇာနည်နေ့အခမ်းအနား တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

၆၉ နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော် အလံ တိုင်ဝက် လွှင့်ထူရန် နှင့် ဥသြဆွဲရန် အစိုးရရုံးဌာန အားလုံးသို့ ညွှန်ကြားထားကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။

အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေဖြင့် နိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက် လွှင့်ထူရေး၊ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဥသြဆွဲ အချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေး တို့အတွက် အောက်ခြေ အဖွဲ့အစည်း အဆင့်ဆင့်သို့ ဆက်လက် ညွှန်ကြားရန် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားထားကြောင်း သိရသည်။
ယခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံရေး အနှစ်သာရပြည့်ဝစွာ ကျင်းပသွား မည်ဖြစ်ပြီး လွတ်လပ်ရေးကို အသက်ပေး ရယူပေးခဲ့ သည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို ထာဝစဉ် သတိရနေရန် ကျင်းပရ ခြင်းဖြစ်ကြောင်း ၊ လွတ်လပ်ရေး ရယူနိုင်ရန် အသက်၊ သွေး၊ ချွေး မြောက်မြားစွာ ရင်းနှီး ပေးဆပ်ခဲ့ရသည်များကို လူငယ် လူရွယ်များနှင့် ပြည်သူတစ်ရပ်လုံး သိရှိနိုင်ရေးနှင့် မျိုးချစ် စိတ်ဓာတ် ရှင်သန်ရေး တို့ကို ရည်ရွယ် ကျင်းပရခြင်း ဖြစ်ကြောင်း ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.