Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဂျပန်အစိုးရ အစွမ်းကုန် ကူညီမည်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဆို

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Fumio KISHIDA တို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

အစိုးရသစ် လက်ထက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဂျပန် အစိုးရက ပုဂ္ဂလိက အခန်းကဏ္ဍမှ ပူးပေါင်းကာ အဖက်ဖက်က အစွမ်းကုန် ကူညီ ဆောင်ရွက်မည် ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Fumio KISHIDAက ပြောကြားသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Fumio KISHIDA တို့ ယနေ့ တွေ့ဆုံခဲ့စဉ် အထက်ပါ အတိုင်း ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံနှင့် နှစ်ပေါင်းများစွာ ချစ်ကြည် ရင်းနှီးမှု ရရှိခဲ့သော မြန်မာနိုင်ငံတွင် လူထု ထောက်ခံမှု ရရှိပြီး သမိုင်းဝင် အာဏာလွှဲပြောင်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ဂုဏ်ယူပါကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။
မဲခေါင်ဒေသ၏ နည်းစနစ် ချိတ်ဆက်မှု ခိုင်မာစေရေးနှင့် လူသား အရင်းအမြစ် ပျိုးထောင်ရေး အသွင် သွားလိုကြောင်း ၎င်းက ပြောသည်။
ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန် အစိုးရအနေဖြင့် ဂျပန်သို့ ထပ်မံ လာရောက် လည်ပတ် စေလိုကြောင်း ၊ မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိမှုသည် ယနေ့အကြိမ် အပါအဝင် တတိယအကြိမ် ဖြစ်ပြီး ရောက်ရှိတိုင်း မြန်မာနိုင်ငံ၏ နိုင်ငံတော် တည်ဆောက်မှု လုပ်ငန်းစဉ် ရုပ်လုံးပေါ်လာကြောင်း Mr. Fumio KISHIDA က ဆိုသည်။
ဂျပန် နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Fumio KISHIDAသည် မေလ ၂ ရက် ည ၇ နာရီက နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး မေလ ၃ ရက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.