Connect with us

Politics, Law & Military

မြန်မာ ရွှေ့ပြောင်း လုပ်သား နှစ်ဦး အရေးကိစ္စအပေါ် အစိုးရမှ စေလွှတ်လိုက်သည့် ကျွမ်းကျင် ပညာရှင် အထူးကိုယ်စားလှယ်အဖွဲ့မှ အသေးစိတ် လေ့လာဆောင်ရွက်မှုများ ပြုလုပ်သွားမည်

ကျွမ်းကျင် ပညာရှင်များ ပါဝင်သည့် အထူးကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးဆောင်ရွက် နေစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အစိုးရမှ စေလွှတ်လိုက်သည့် ကျွမ်းကျင် ပညာရှင် အထူးကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေ၊ အယူခံဥပဒေများကို စနစ်တကျ အသေးစိတ် လေ့လာပြီး မြန်မာ ရွှေ့ပြောင်း လုပ်သား နှစ်ဦး အရေးကိစ္စအား အတတ်နိုင်ဆုံး အကြံပြုချက်များ ၊ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သိရသည်။

မြန်မာနိုင်ငံ အစိုးရမှ စေလွှတ်လိုက်သည့် ကျွမ်းကျင် ပညာရှင် အထူးကိုယ်စားလှယ်အဖွဲ့တွင် ဥပဒေပညာရှင်၊ မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ၊ အယူခံမှုဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အမှုနောက်ဆုံးအခြေအနေ၊ အမှုအတွက် ရှေ့ဆက်လက် ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဝင်းမောင်နှင့် သံရုံးမှ ဖွဲ့စည်းပေးထားသည့် အထူး စုံစမ်းရေး ကော်မတီများနှင့်အတူ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး တရားရုံး၏ စီရင်ချက် ချမှတ်မှု၊ အယူခံအတွက် ပြင်ဆင်ဆောင်ရွက်နေမှု စသည်များကို ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြ ရေးသားထားသည်။

ထို့ပြင် ကျွမ်းကျင် ပညာရှင် အထူးကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၃ ရက်တွင် ထိုင်းနိုင်ငံရှိ နခွန်စီထမရပ် အကျဉ်းထောင်ကို သွားရောက်၍ ထိုင်းနိုင်ငံရှေ့နေများကောင်စီနှင့် ပူးပေါင်းကာ မြန်မာ ရွှေ့ပြောင်း လုပ်သား နှစ်ဦးအား ဥပဒေပါ အခွင့်အရေးများကို အပြည့်အဝ ရရှိခံစားနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၊ ဥပဒေဆိုင်ရာ၊ အယူခံဆိုင်ရာ၊ မှုခင်းဆေးပညာဆိုင်ရာ လေ့လာချက်တွေ ပြည့်စုံအောင် အားထုတ်ကြိုးပမ်းပြီး ထိုင်းနိုင်ငံရှေ့နေများကောင်စီနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ထိုင်းနိုင်ငံ လိပ်ကျွန်း၌ ဖြစ်ပွားခဲ့သည့် ဗြိတိန် နိုင်ငံသား နှစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား ရွှေ ့ပြောင်း လုပ်သား နှစ်ဦးဖြစ်ကြသည့် ဇော်လင်း နှင့် ဝင်းဇော်ထွန်းတို့အား ထိုင်းနိုင်ငံ တရားရုံးမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် သေဒဏ် စီရင်ချက် ချမှတ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.