Connect with us

Politics, Law & Military

ဒုတိယ အကြိမ် လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးများသို့အထူး လေ့လာသူ အဖြစ် တက်ရောက်ရန် ရွေးကောက်ခံ တိုင်းဒေသကြီးများ နှင့် ပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြားထား

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့အထူးလေ့လာသူ အဖြစ် တက်ရောက်ရန် ဒုတိယအကြိမ် တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များအတွက် ရွေးကောက်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်အချို့အား ဖိတ်ကြားထားကြောင်း လွှတ်တော်ရုံးမှ သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးများအပြင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးများသို့ ဒုတိယအကြိမ် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် ရွေးကောက်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များမှ ရှမ်းပြည်နယ်မှ ၁၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၆ ဦး၊ ရခိုင်ပြည်နယ်မှ ၆ ဦး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ၅ ဦးစီဖြင့် စုစုပေါင်း ၈ဝ ဦးအား အထူးလေ့လာသူ အဖြစ် တက်ရောက်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

ဒုတိယ အကြိမ် လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးများအား ဖေဖော်ဝါရီ ၁ ရက်တွင် နေပြည်တော်ရှိ လွှတ်တော်အစည်းအဝေးခန်းမများ၌ စတင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ပထမအကြိမ် လွှတ်တော် အစည်းအဝေး၏ လွှတ်တော်သက်တမ်းသည် ဇန်နဝါရီ ၃၀ ရက်နေ့ တွင် ကုန်ဆုံးမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.