Connect with us

Politics, Law & Military

အထူးကိစ္စရပ်များ ကော်မရှင်က လ ၃၀ အတွင်း အထူးကိစ္စ ၁၅၇ ခုကို စိစစ်လျက်ရှိ

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် အစည်းအဝေး သို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်သည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ လပေါင်း ၃၀ ကာလအတွင်း အထူး ကိစ္စရပ် ၁၅၇ ခုနှင့် သက်ဆိုင်သော သုံးသပ် အကြံပြုချက်များကို ဆုံးဖြတ်ချက်ပြုနိုင်ရန် သက်ဆိုင်ရာ သို့ တင်ပြ ဆောင်ရွက်လျက်ရှိကြောင်း ကော်မရှင် ဒုတိယဥက္ကဋ္ဌ (၂) မန္တလေးတိုင်း ဒေသကြီး မဲ ဆန္ဒနယ် (၁) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက ကော်မရှင်ကိုယ်စား ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့သည်။

ထို့နောက် ဆက်လက်၍ ပြည်သူများက ၎င်းတို့၏ ထိခိုက်နစ်နာမှု အခက်အခဲများကို ဖော်ပြသည့် တင်ပြစာများ ကော်မရှင်သို့ ပေးပို့လျက်ရှိရာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထိ လက်ခံရရှိ သည့်တိုင်ကြားစာပေါင်း ၂၆၅၈ စောင်ကို စိစစ်ပြီး မှတ်တမ်းပြုစုခြင်းနှင့် ဆက်လက် အရေးယူ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများသို့ စာပေါင်း ၁၂၉၃ စောင် ကို စိစစ်လွှဲပြောင်း ပေးပို့ပြီးဖြစ်ကြောင်း၊ ဥပဒေ များနှင့် ပတ်သက်ပြီး ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ အသစ်ပြဌာန်းရန် သင့်လျော်သည့် ဥပဒေများကို စိစစ် သတ်မှတ်ရာ ကော်မရှင်သည် ကျင့်သုံး ဥပဒေများအနက်မှ ရုပ်သိမ်းရန်၊ ပြင်ဆင်ရန်၊ အသစ် ရေးဆွဲ၍ အဟောင်းရုပ်သိမ်းရန် နှင့် အသစ် ရေးဆွဲရန် သင့်လျော်သော ဥပဒေများကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့်ဆွေးနွေး ညှိနှိုင်း စိစစ် ဆောင်ရွက်ရာ ဥပဒေပေါင်း ၂၀၀ တွေ့ရှိပြီး ၎င်း ဥပဒေစာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့မှတ်တမ်းတင်ခဲ့ကြောင်း၊ ၎င်း ဥပဒေ ၂၀၀ အနက် ရုပ်သိမ်းခြင်း ပယ်ဖျက်ခြင်းပြုလုပ်သင့်သော ဥပဒေ ၂၇ ခု ၊ ပြင်ဆင်ရန် သင့်လျော်သော ဥပဒေ ၄၆ ခု၊ အသစ်ရေး၍ အဟောင်း ရုပ်သိမ်းသင့်သော ဥပဒေ ၈၇ ခုနှင့် အသစ်ရေးဆွဲရန်သင့်လျော်သော ဥပဒေ ၄၀ ခု တို့ ပေါ်ထွက်ခဲ့ကြောင်းလည်း ၎င်းက ဖတ်ကြား တင်ပြခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က ကော်မရှင်၏ ဆောင်ရွက်ချက်များကို အတည်ပြုခဲ့ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.