Connect with us

Politics, Law & Military

လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲရန် ဆောင်ရွက်နေဟု ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူဆို

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား၌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ အဖွင့်မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား၌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက တရားစွဲ ဆိုရေးကဏ္ဍတွင် လက်ရှိတည်ဆဲ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

လူကုန်ကူးမှုခင်း၏ သဘောသဘာဝသည် နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်သည့်အတွက် ပြစ်မှုဆိုင်ရာကိစ္စရပ် များတွင် နိုင်ငံအချင်းချင်းအပြန် အလှန်အကူအညီပေးရေးကဏ္ဍ ပိုမိုတိုးတက်စေရန် လိုအပ်မည်ဖြစ်ကြောင်း၊ မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍတွင် မြန်မာရေလုပ်သားများ နိုင်ငံရပ်ခြား တွင် ခေါင်းပုံဖြတ်ခံရမှုများ ပပျောက်စေရန် မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-အင်ဒိုနီးရှား ဆက်စပ်(၄)နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လျက် ရှိကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဆိုသည်။

လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် ဒေသတွင်း နိုင်ငံများ အထူးသဖြင့် တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံများမှ လူကုန်ကူးခံရ သူများကို သက်ဆိုင်ရာနိုင်ငံများရှိ သံရုံးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုကြောင့် ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး မိဘရပ်ထံသို့ ပြန်လည် ပေါင်းစည်း ပေးနိုင်ခဲ့ကြောင်း၊ သက်ဆိုင်ရာသံရုံးများ၏ ပံ့ပိုးမှုဖြင့် ရေလုပ်သားများရသင့်ရထိုက် သည့် ခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။

အမေရိကန်နိုင်ငံမှ ထုတ်ပြန်ခဲ့သည့် ၂၀၁၆ခုနှစ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီရင်ခံစာတွင် မြန်မာနိုင်ငံကို စောင့်ကြည့် အဆင့်(၂) မှ အဆင့်(၃)သို့ လျှော့ချသတ်မှတ်ခဲ့ကြောင်း၊ ယင်းအစီရင်ခံစာပါ အကြံပြုချက်များကို လာမည့် တတိယ(၅)နှစ်စီမံကိန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ နှစ်အလိုက်ချမှတ်ထားသည့် လုပ်ငန်းစီမံချက်များကို ကဏ္ဍ(၅)ရပ် ထည့်သွင်း ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ သမ္မတက ဆိုသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကိုပြဌာန်းခဲ့ပြီး ယင်းဥပဒေပါ ပြဌာန်းချက် နှင့်အညီ ၂၀၀၆ ခုနှစ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.