Connect with us

Politics, Law & Military

၂၀၁၉ခုနှစ် ဒီဇင်ဘာလ အတွင်း လူကုန်ကူးမှုပေါင်း ၁၆ မှုဖြစ်ပွားခဲ့

၂၀၁၉ခုနှစ် ဒီဇင်ဘာလ အတွင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် လူကုန်ကူးမှုစာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) 

၂၀၁၉ခုနှစ် ဒီဇင်ဘာလ အတွင်း လူကုန်ကူးမှုပေါင်း ၁၆ မှု၊ လူကုန်ကူးခံရသူပေါင်း ၃၃ ဦးနှင့် တရားခံပေါင်း ၄၀ ဦး အားဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း  လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ က ဇန်နဝါရီလ ၂ ရက် တွင် သတင်းထုတ်ပြန်သည်။

လူကုန်ကူးခံရသူများတွင် အမျိုးသား ၂၁ ယောက်၊ အမျိုးသမီး ၈ ယောက် နှင့် ကလေး (ကျား) ၄ ဦး ပါဝင်ကြောင်း သိရသည်။ 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ တွင် လူကုန်ကူးမှု ဖြစ်ပွားခဲ့မှု အခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၇ မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၅ မှု၊ ရှမ်းပြည်နယ်တွင် ၂ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၁ မှု၊ မန္တလေးတိုင်းဒေသကြီး တွင် ၁ မှု ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.