Connect with us

Politics, Law & Military

ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ် အတွင်း တရားမဝင် ကျွန်း/ပိတောက်သစ် တန် ၆၀ ကျော် ဖမ်းဆီး ရမိ

ဖမ်းဆီး ရမိခဲ့သည့် တရားမဝင် ကျွန်း/ပိတောက်သစ်များ တွေ့ ရစဉ်(ဓာတ်ပုံ- Forest Department )

ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် ၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ် အတွင်း တရားမဝင် ကျွန်း/ပိတောက်သစ် တန် ၆၀ ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။

မဘိမ်းမြို့နယ်၊ ညောင်ပင်သာဘိနယ်၊ ကြိုးပြင်(XXV)အတွင်း၌ တရားမဝင် ကျွန်း/ပိတောက်သစ် စုစုပေါင်း ၆၁.၃၉၃၆ တန်အား မတ် ၁၀ ရက်တွင် မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တော ဝန်ထမ်းများအဖွဲ့သည် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ထိုတရားမဝင်သစ် နှင့် ဆက်စပ် တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.