Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နေထိုင်သူနှစ်ဦးထံမှ ငွေကျပ် ၄၅၉ဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မောင်တောမြို့နယ်တွင်း ဖမ်းဆီးရမိသော တရားခံနှင့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နေထိုင်သူနှစ်ဦးထံမှ ငွေကျပ် ၄၅၉ဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့နယ်၊ နယ်မြေ(၄) နှစ်နိုင်ငံနယ်စပ်အနီး ဇွန်လ ၁၁ ရက်တွင် ဇီးပင်ချောင်းအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကင်းလှည့်ရေယာဉ်ဖြင့် လှည့်ကင်းဆောင်ရွက်နေစဉ် တစ်ဖက်နိုင်ငံဘက်ကမ်းသို့ လှော်ခတ်နေသော လှေတစ်စီးအားတွေ့ရှိပြီး စစ်ဆေးရာ လှေပေါ်တွင် လဘာရှေးရာဒုက္ခသည်စခန်း၊ တက္ကနဖမ့်မြို့နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နေဂျဟတ်တူဆောင်း ၂၅ နှစ်နှင့် ဂျဘူရာမန် ၁၅ နှစ်တို့အား တွေ့ရှိပြီး လှေအတွင်း ဆာလာအိတ် ၂ အိတ်ဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၂၂၉,၅ဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၅၉ဝ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော တရားခံများအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.