Connect with us

Politics, Law & Military

ချီလီနိုင်ငံ လေဆိပ်တွင် ဆိုလာစွမ်းအင်ဖြင့် လည်ပတ်ရန်ရှိ

မောင်တောမြို့နယ်တွင်း ဖမ်းဆီးရမိသော တရားခံနှင့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(CCDAC)

ဆန်တီရာဂို၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ချီလီနိုင်ငံ ဆန်တီရာဂိုမြို့ရှိ Comodoro Arturo Merino Benitez အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သော ဆိုလာပြားများ (Photovoltaic panel) တပ်ဆင်တော့မည်ဖြစ်ကြောင်း ချီလီနိုင်ငံ ပြည်သူ့လုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး လူူးကက်စ် ပါလာဆီရို့စ် (Lucas Palacios) က ဇွန်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

“ခရီးသည်တွေ၊ အလုပ်သမားတွေနဲ့ လေဆိပ်ကိုဖြတ်သွားသူတွေအားလုံး အလင်းရောင် ရရှိစေရန်” သန့်ရှင်းသော စွမ်းအင်၏ အကျိုးကျေးဇူးဖြစ်စေရန် Photovoltaic panel ၃,၀၀၀ ခန့် တပ်ဆင်မည်ဖြစ်ကြောင်း ပါလာဆီရို့စ်က ဆိုသည်။

ဤသို့အသစ်တပ်ဆင်မှုများက နှစ်စဉ် လေဆိပ်၏ ကာဗွန်ဒိုင်အောက်ဆိုဒ်ညစ်ညမ်းမှု တန် ၅၀၀ ကျော် လျှော့ချသွားနိုင်မည်ဖြစ်သည်။

အဆိုပါ ရှေ့ပြေးလုပ်ဆောင်မှုသည် ဒီဇင်ဘာလ ၂ ရက်မှ ၁၃ ရက်အထိ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်မူဘောင်အရ ၂၅ ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံများ ညီလာခံအစည်းအဝေးအတွက် ပြင်ဆင်မှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလတွင် လုပ်ငန်းစတင်လည်ပတ်မည့် ဆိုလာပြား ၂၅၀၀ ခု တပ်ဆင်မှုမှ လက်ရှိလေဆိပ်အား စတင် အကျိုးရှိစေမည်ဖြစ်သည်။

၎င်းတို့သည် ပျမ်းမျှ တစ်နာရီ ၁၂၅၆ မီဂါဝပ် နှစ်စဉ်ထုတ်လုပ်မည်ဖြစ်ပြီး ယင်းပမာဏမှာ ဆန်တီရာဂိုမြို့ရှိ လူနေအိမ်ခြေ ၅၀၀ ကျော် အသုံးပြုသည့်ပမာဏနှင့် ညီမျှကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.