Connect with us

Politics, Law & Military

ပြည်တွင်း ပြည်ပ စိန်ခေါ်မှုများကို ဒီမိုကရေစီနည်း၊ တွေ့ဆုံညှိနှိုင်းနည်းတို့ဖြင့် ဖြေရှင်းရန် AIPA က ဆုံးဖြတ်


နေပြည်တော်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး အပါအဝင် ပြည်တွင်း ပြည်ပ စိန်ခေါ်မှုများအား ဒီမိုကရေစီနည်း၊ တွေ့ဆုံ ညှိနှိုင်းသည့် နည်းတို့ဖြင့် ဖြေရှင်းသွားရန် (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ ညီလာခံက ဆွေးနွေး ဆုံးဖြတ်ခဲ့သည်ဟု AIPA နိုင်ငံရေးဆွေးနွေးမှုကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဇော်သိန်းက AIPA အစည်းအဝေး အပြီးတွင် မီဒီယာများကို ဖြေကြားခဲ့သည်။“ AIPA မှာ စည်းရုံးရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အမျိုးသမီးကဏ္ဍနဲ့ ပူးပေါင်း ထုတ်ပြန်ရေး ကော်မတီ ဆိုပြီး ကော်မတီ ခြောက်ခု ဖွဲ့ပြီး ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံရေး ကော်မတီကို မြန်မာနိုင်ငံက တင်သွင်းတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပြည်ပ စိန်ခေါ်မှုတွေအတွက် ဒီမိုကရေစီ ဖြစ်စဉ် သဘောတရားတွေနဲ့ဖြေရှင်းဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း တွေ့ဆုံ ညှိနှိုင်းတဲ့ နည်းနဲ့ဖြေရှင်းသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်” ဟု ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဌလည်း ဖြစ်သည့် ဦးဇော်သိန်းက ပြောသည်။

အဆိုပါ AIPA နိုင်ငံရေး ကော်မတီသို့ ဗီယက်နမ်နိုင်ငံက cyber Security ကိစ္စများကိုလည်းကောင်း၊ ထိုင်းနိုင်ငံက ပင်လယ်ရေကြောင်း လုံခြုံရေးနှင့် ရေသယံဇာတ ကာကွယ်ရေး ကိစ္စများကိုလည်းကောင်း တင်ပြခဲ့ရာ ဆွေးနွေး ဆုံးဖြတ်နိုင်ခဲ့သည် ဟုလည်း ၎င်းက ပြောသည်။

(၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ ညီလာခံ နောက်ဆုံးနေ့ အခမ်းအနား ကျင်းပနေစဉ်(ဆင်ဟွာ)

(၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ ညီလာခံ နောက်ဆုံးနေ့ အခမ်းအနား ကျင်းပနေစဉ်(ဆင်ဟွာ)

ထို့အတူ အမျိုးသမီး အရေးကိစ္စများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသမီး ကဏ္ဍတွင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များ တင်ပြလာသည့် အမျိုးသမီး အလုပ်သမားများအား လူမှု ကာကွယ် စောင့်ရှောက်မှုများ ပေးနိုင်ရေးကိုလည်း ဆွေးနွေး ဆုံးဖြတ်နိုင်ခဲ့သည်ဟု ထိုကဏ္ဍ ခေါင်းဆောင် ဖြစ်သည့်ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီဝင် ဒေါ်ရွှေရွှေစိန်လတ်က မီဒီယာကို ပြောသည်။

“အလုပ်ခွင်မှာ အမျိုးသမီးတွေက အမျိုးသားတွေနည်းတူ အခွင့်အရေး တန်းတူရရှိဖို့အလုပ်သမား ဥပဒေ တွေမှာ ပါဝင်လာအောင် သက်ဆိုင်ရာ လွှတ်တော်တွေမှာ တိုက်တွန်း ဆောင်ရွက်သွားဖို့ ဘုံသဘောတူညီ ချက် ရရှိခဲ့ပါတယ်” ဟု သူမက ပြောသည်။

ထို့အပြင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အရေးနှင့် ပတ်သက်ပြီး လုပ်ခလစာများ တန်းတူ ရရှိရေး၊ ၎င်းတို့နှင့် အတူ လိုက်ပါ နေထိုင်သည့် မိသားစုဝင်များ အတွက် အခွင့်အရေး စသည်တို့ကိုလည်း သက်ဆိုင်ရာ ကော်မတီများက ဆွေးနွေးခဲ့ကြကြောင်း၊ (၃၇)ကြိမ်မြောက် AIPA တွင် မဆုံးဖြတ်နိုင်ခဲ့သည့် ကိစ္စများလည်း ရှိပြီး ၎င်းတို့ကို ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် (၃၈) ကြိမ်မြောက် AIPA တွင် ဆက်လက် ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။

၃၇ ကြိမ်မြောက် AIPA အပိတ် မိန့်ခွန်းကို (၃၇)ကြိမ်မြောက် AIPA ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောခဲ့ပြီး ၎င်း၏ ဥက္ကဋ္ဌ ရာထူးနှင့် တာဝန်ကို (၃၈) ကြိမ်မြောက် AIPA ဥက္ကဌ ဖြစ်လာမည့် ဖိလစ်ပိုင် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ His Excellency Raneo E. Abu အား လွှဲအပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.