Connect with us

Politics, Law & Military

ARSA အစွန်းရောက် အကြမ်းဖက်သမားများ တစ်ဖက်နိုင်ငံရှိ စစ်တကောင်း ဆေးရုံ၌ ဆေးဝါးကုသမှုခံယူဟု တပ်မတော်ထုတ်ပြန်

ARSA အစွန်းရောက် အကြမ်းဖက်သမားများက နေအိမ်များအားမီးရှို့ဖျက်ဆီးမှုအားတွေ့ရစဉ် (ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ဒဏ်ရာရရှိထားသော ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် တစ်ဖက်နိုင်ငံရှိ စစ်တကောင်း ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရခိုင်ပြည်နယ်မြောက်ခြမ်း၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ ရဲကင်းစခန်းများ၊ တပ်ဌာ နချုပ်များအား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များတွင် သေနတ်ဒဏ်ရာရရှိထားသည့် ဘင်္ဂါလီ ၈ ဦးနှင့် အခြားထိခိုက်ဒဏ်ရာ ရရှိထားသည့် ဘင်္ဂါလီ ၃၃ ဦးတို့သည် သြဂုတ် ၃၁ ရက်တွင် တစ်ဖက်နိုင်ငံ၊ အူခီးယား မြို့နယ် ရဲတပ်ဖွ့ဲမှ စစ်တကောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိထား သူများကိုလည်း ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကာ လုံလောက်သော အစောင့်အရှောက်ဖြင့် ကူတူပါလောင် ဒုက္ခသည် စခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် သြဂုတ် ၁၅ ရက်နေ့မှ စက်တင်ဘာ ၅ ရက်နေ့ထိ တိုက်ခိုက်မှုပေါင်း ၉၇ ကြိမ်ဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ၁၅ဦးနှင့် ဒေသခံတိုင်းရင်းသား ၂၁ဦး စုစုပေါင်း ၃၆ ဦးသေဆုံးခဲ့သည်။

အဆိုပါ ARSA အစွန်းရောက် အကြမ်းဖက်သမားများက ကျေးရွာပေါင်း (၅၉) ရွာ၊ အိမ်အလုံးရေ ( ၆၈၄၂) လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး တံတား (၈ ) စင်း မိုင်းထောင် ဖျက်ဆီးခဲ့ရကြောင်း၊ယနေ့အထိ အကြမ်းဖက်မှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ တိုင်းရင်းသား (၂၆၇၄၇) ဦးရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.