Connect with us

Politics, Law & Military

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားနိုင်သော သတင်းများအရ နိုင်ငံတစ်ဝန်း လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံရုံးထုတ်ပြန်

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု သတင်းနှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ- နိုင်ငံတော်၏အတိုင်ပင်ခံရုံး)

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ARSA အစွန်းရောက် အကြမ်းဖက်သမားများက နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များအပါအဝင် အခြားမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်ဆောင်ရွက်နေသော သတင်းများအရ နိုင်ငံတစ်ဝန်း လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံရုံးက သတိပေးညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားလာနိုင်သည့် သတင်းများအရ နိုင်ငံတစ်ဝန်း လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများသို့ သတိပေး ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှု သတင်းများကို အကြောင်းပြု၍ လူမျိုးရေး၊ ဘာသာရေးပဋိက္ခများ၊ အဓိကရုဏ်းများ ဖန်တီးလာနိုင်သည့် အခြေအနေများကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားနိုင်သည့် အလားအလာများကိုလည်း အထူးဂရုပြုရန် အရေးကြီးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ARSA အစွန်းရောက် အကြမ်းဖက် သမားများ၏ မသင်္ကာဖွယ်ရာ လှုပ်ရှားမှုသတင်းများ၊ ဖောက်ခွဲရေးသုံး ပစ္စည်းများ အထူးသဖြင့် အမိုနီယမ်နိုက်ထရိတ်(ပုလဲဓာတ်မြေသြဇာ) တရားမဝင်စုဆောင်းနေမှုများကို သိရှိရပါက နီးစပ်ရာ တပ်စခန်း၊ ရဲစခန်းများနှင့် တပ်ဌာနချုပ်များသို့ အကြောင်းကြားသွားကြရန် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မြောက်ခြမ်းဒေသ၌ ARSA အစွန်းရောက်အကြမ်းဖက်သမားများက အကြမ်းဖက်တိုက်ခိုက်မှု များ ရက်စက်စွာပြုလုပ်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အခြေအနေတည်ငြိမ်စေရန် အလေးထားဆောင်ရွက် လျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာရသူများ ဘေးကင်းလုံခြုံရေးနှင့် အရေးပေါ်ထောက်ပံ့ကူညီရေး၊ အကြမ်းဖက်မှုတွင်ပါဝင်ခြင်းမရှိသော အပြစ်မဲ့ပြည်သူများ စိုးရိမ်ကြောင့်ကြမှုမရှိစေရေး၊ အကြမ်းဖက်မှုတွင် ပါဝင်သူများကို ရှာဖွေဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.