Connect with us

Politics, Law & Military

မောင်တောဒေသ အကြမ်းဖက် ဖြစ်စဉ်ကြောင့် တိုင်းရင်းသား နေရပ် စွန့်ခွာ တိမ်းရှောင်ရသူ ၂၆,၇၄၇ ဦး ရှိနေ

ဒေသခံတိုင်းရင်းသားများ နှင့် ၀န်ထမ်းများ ဘေးကင်းရာသို့ ရွှေ့ပြောင်းမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ- Information Committee)

ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောဒေသတွင် နေထိုင်သူများသည် အကြမ်းဖက်မှုလုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ၍ နယ်စပ် ဧရိယာ အပါအဝင် လုံခြုံရာ နေရာများတွင် ခိုလှုံနေထိုင်ရလျက်ရှိရာ စက်တင်ဘာ ၄ ရက် အထိ နေရပ် စွန့်ခွာ တိမ်းရှောင် ရသူ တိုင်းရင်းသား ၂၆၇၄၇ ဦး ရှိနေကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီ၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုနေရပ် စွန့်ခွာ ရသူများအား ကူညီ ထောက်ပံ့မှုများ ပေးအပ်ရာတွင် လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးအပ်ခြင်း ဆိုင်ရာ အခြေခံမူများနှင့် အညီ ခွဲခြားမှု မရှိဘဲ ပြည်တွင်း ပြည်ပ အလှူရှင်များမှ ပူးပေါင်းပါဝင် ကူညီ ထောက်ပံ့နိုင်ရေး အတွက် ထိရောက်စွာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက် ဖျက်ဆီးမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက်အကြမ်းဖက် အဖွဲ့များ ထိတွေ့ တိုက်ခိုက်မှုမှာ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက် အထိ ၉၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ARSA အစွန်းရောက် အကြမ်းဖက် သမား များ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး ၊ နိုင်ငံ့ ဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၅ ဦး ကျဆုံးခဲ့ပြီး ဒေသခံ တိုင်းရင်းသား ၁၄ ဦး ၊ ဒေသခံ ဟိန္ဒူ ဘာသာဝင် ၇ ဦး၊ ဘင်္ဂလီ ၇ ဦး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး ၊ နိုင်ငံ့ဝန်ထမ်း ၃ ဦး ၊ ဒေသခံတိုင်းရင်းသား ၄ ဦး၊ စုစုပေါင်း ၂၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မောင်တော ဒေသ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ကျေးရွာပေါင်း ၅၉ ရွာ ၊ အိမ်အလုံးရေ ၆၈၄၂ လုံး မီးရှို့ ဖျက်ဆီး ခံခဲ့ရပြီး တံတား ၈ စင်း မိုင်းထောင် ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း သိရသည်။

ထို့အတူ ARSA အစွန်းရောက်အကြမ်းဖက်သမား ၃၇၁ ဦး အသေ ရရှိခဲ့ကာ ၃၈ ဦး ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ထိုအခြေအနေမျိုးတွင် နိုင်ငံတော်အစိုးရအနေဖြင့် လူသားခြင်း စာနာ ထောက်ထားမှု ဆိုင်ရာ ကူညီထောက်ပံ့မှုများကို ပေးအပ်ရန် တာဝန်ရှိသည့် အလျောက် ထိရောက်သော အစီအမံများ ချမှတ်၍ ကူညီထောက်ပံ့များကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော် အစိုးရသည် ကြက်ခြေနီ လှုပ်ရှားမှု (Red Cross Movement) နှင့် အတူအကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မောင်တော ဒေသအား စစ်ဆင်ရေး နယ်မြေ အဖြစ် သတ်မှတ်ခြင်း နှင့် ညမထွက်ရ အမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန်ခြင်းတို့ဖြင့် အပြစ်မဲ့ ပြည်သူများ ဘေးကင်းလုံခြုံရေး နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန် မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.