Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအတွင်း ငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMARက ထုတ်ပြန်သော သတင်းအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၃ ရက် ညနေ ၃ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာကားဝင်း၌ ခရီးသည်တင် မှန်လုံယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စားသောက်ကုန်များအတွင်း သိုဝှက်သယ်ဆောင် လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ လိပ်ကုန်းကျေးရွာနေ ဖမ်းဆီးရမိ ယာဉ်ပိုင်ရှင်ဖြစ်သူ နှင့် ဇနီး တို့၏ အစီအမံဖြင့် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများက ၎င်းတို့မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် အကျိုးအမြတ်များဖြင့် ဝယ်ယူပိုင်ဆိုင်ထားသည့် KING LONG အမျိုးအစား ခရီးသည်တင် မှန်လုံယာဉ်တစ်စီးနှင့် HIGER အမျိုးအစား ခရီးသည်တင် မှန်လုံယာဉ်တစ်စီးတို့အား ဆက်လက်ဖော်ထုတ် သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117