Connect with us

Politics, Law & Military

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနား တက်ရောက်ရန် ရုရှားနိုင်ငံသို့ထွက်ခွာ

ရုရှားနိုင်ငံသို့ သွားရောက်မည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လေဆိပ်သို့ လိုက်ပါပို့ဆောင်သည့် တာဝန်ရှိသူများ အားတွေ့ရစဉ်(ဓာတ်ပုံ--တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် ယနေ့ ဇွန်၂၂ ရက်နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွါသွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပြုလုပ်မည့် Great Patriotic War (1941-1945 ) အောင်နိုင်မှု (၇၅) နှစ်မြောက်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.