Connect with us

Politics, Law & Military

၂၀၂၀ ဇွန်လဆန်းမှ စ၍ ကလေးစစ်သား အသုံးပြုသောစစ်တပ်စာရင်းမှ မြန်မာ့တပ်မတော်လွတ်မြောက်ဟုဆို

ကာကွယ်ရေးဝန်ကြီးဌာန အစိုးရ၏ စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်။ (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)

အသက် ၁၈ နှစ် မပြည့်သေးသော ကလေးသူငယ်များအား စစ်မှု ထမ်းစေသည့် ကလေးစစ်သား အသုံးပြုသော စစ်တပ် စာရင်းမှ မြန်မာ့ တပ်မတော်သည် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၉ ရက်နေ့မှ စ၍ လွတ်မြောက်ပြီ ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ယနေ့ ညနေ ပိုင်း နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန၌ ပြုလုပ်သော အစိုးရ၏ စတုတ္ထ တစ်နှစ်တာ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“မြန်မာ့တပ်မတော်အနေနဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်များကို စစ်မှုထမ်းစေခြင်းမှ ကာကွယ် တားဆီးရေးနဲ့ ပတ်သက်ပြီး အရှိန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် UNCDF-MR (United Nations Capital Development Fund- Monitoring Report) နဲ့ Plan of Action စာချုပ်မှာ လက်မှတ် ရေးထိုးခဲ့ပြီး စာချုပ်ပါအတိုင်း တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ဒီလို ဆောင်ရွက်ခဲ့တဲ့ အတွက် ကလေး စစ်သား အသုံးပြုတဲ့ စာရင်းထဲကနေ မြန်မာ့ တပ်မတော်ကို ပယ်ဖျက်ခဲ့ပြီး ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အဆိုပါ အရွယ်မရောက်သေးသူ ကလေးသူငယ်များကို စစ်မှုထမ်းစေခြင်းမှ ကာကွယ် တားဆီးရေး ဆိုင်ရာ ပညာပေး သင်တန်းများကို တိုင်းစစ်ဌာနချုပ်များ၏ အရာရှိနှင့် အခြား အဆင့် များအား ဆင့်ပွား သင်တန်းများ ပေးခဲ့ရာ စတုတ္ထ လေးနှစ်တာ ကာလအတွင်း အရာရှိနှင့် အခြား အဆင့် ၃၈၀၂ ဦးတို့အား သင်တန်းပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်သို့ ဝင်ရောက်လာသော အသက် ၁၈ နှစ် မပြည့်သေးကြောင်း စစ်ဆေးတွေ့ရှိရသည့် စစ်သည် ၂၂ ဦးတို့ကို မိဘ အုပ်ထိန်းသူများထံ တစ်ဦးချင်းစီ လွှဲအပ်ပေးခဲ့ကြောင်း၊ စတုတ္ထလေးနှစ်တာ ကာလမှာ ကလေးစစ်သည် စုစုပေါင်း ၂၆၂ ဦးတို့ကို မိဘ အုပ်ထိန်းသူများထံ လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း၊ အဆိုပါ လုပ်ငန်းများ စတင် အကောင်အထည်ဖော်ခဲ့သည့် ၂၀၁၂ မှ ယနေ့အထိ ဆိုလျှင် ထိုသို့ လွှဲပြောင်းပေးခဲ့သော ကလေးစစ်သား အရေအတွက်မှာ ၁၀၀၆ ဦး ရှိခဲ့ကြောင်း၊ တပ်မတော်ထဲသို့ ဝင်ရောက်ရန် ၁၈ နှစ် မပြည့်သေးသော စစ်သည်များကို စုဆောင်းမှု နည်းလမ်း မမှန်သော၊ မှားယွင်း စုဆောင်း ခဲ့သော အရာရှိစစ်သည်များအား စစ်စည်းကမ်းအရ အရေးယူခဲ့ရာ လက်ရှိ အချိန်အထိ အရေးယူခံရသော အရာရှိ စစ်သည်ပေါင်း ၆၅ ဦး ရှိကြောင်းလည်း ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.