Connect with us

Politics, Law & Military

Y-8 လေယာဉ် အစိတ်အပိုင်းအားဆယ်ယူရာ၌ ပါဝင်သော ရေငုပ်သမားသေဆုံး

ဆေးကုသမှုခံယူလျက်ရှိသော ရေငုပ်သမားတစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် အစိတ်အပိုင်းအားဆယ်ယူရာ၌ ပါဝင်သော ရေငုပ်သမားတစ်ဦး ကွယ်လွန်သွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

Y-8 လေယာဉ် အစိတ်အပိုင်းအားဆယ်ယူရန် တပ်မတော်နှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ဒလမြို့နယ် အဏ္ဏဝါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမား ဦးစောနောင်နှင့် ဦးသန့်ဇင်ဦး တို့နှစ်ဦးသည် ရေထုဖိအားကြောင့် ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ဇွန် ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိရာ အဆိုပါ ဆေးကုသမှုခံယူလျက်ရှိသည့် နှစ်ဦးအနက် ဦးစောနောင်သည် ဇွန် ၂၂ ရက် ည ၉နာရီခွဲတွင် ကွယ်လွန်သွားကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ၏ ရုပ်ကလပ်အား ဇွန် ၂၄ ရက် နေလည်တွင် မင်္ဂလာဒုံစစ်သချို ၤင်း၌ သဂြိုၤလ်မည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.