Connect with us

Science & Technology

ဆင်ဟွာ သတင်းဌာန မြန်မာ ဘာသာ အွန်လိုင်း မီဒီယာ တရားဝင် ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဆင်ဟွာ သတင်းဌာန မြန်မာဘာသာ အွန်လိုင်း မီဒီယာ ဖွင့်ပွဲ အခမ်းအနားတွင် ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်

ရန်ကုန် ၊ မေ ၈ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူတို့၏ အစဉ်အလာ ရှိရင်းစွဲ ချစ်ကြည်ရေးနှင့် အပြန်အလှန် နားလည်မှု တိုးပွား စေရန်အတွက် တရုတ်နိုင်ငံ ဆင်ဟွာ သတင်းဌာနမှ မြန်မာဘာသာ အွန်လိုင်း မီဒီယာကို မေလ (၈)ရက်နေ့က ရန်ကုန်မြို့၌ စတင် ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

မြန်မာနိုင်ငံမှ စာဖတ် ပရိတ်သတ် အနေဖြင့် မိမိတို့၏ လက်ကိုင်ဖုန်းမှ ဆင်ဟွာမြန်မာ မိုဘိုင်း Application (App) ကို အသုံးပြု၍ သော်လည်းကောင်း ၊ ဆင်ဟွာ မြန်မာဘာသာ ဝက်ဘ်ဆိုက်(Website) ၊ ဖေ့ဘွတ်ခ်(Facebook) ၊ ယူကျု (You Tube) ၊ တွစ်တာ(Twitter) နှင့် ဂူးဂဲပလပ်စ် (Google +) စသည့် မီဒီယာ အမျိုးမျိုးမှ လည်းကောင်း ဆင်ဟွာ မြန်မာဘာသာ သတင်း ၊ ဆင်ဟွာ မြန်မာဘာသာ ဓာတ်ပုံနှင့် ဆင်ဟွာ မြန်မာဘာသာ အသံသွင်း သတင်းဗွီဒီယိုများအား အဆင်ပြေစွာ ကြည့်ရှု နိုင်မည် ဖြစ်သည်။

ဆင်ဟွာ သတင်းဌာန၏ မြန်မာဘာသာ အွန်လိုင်း မီဒီယာသည် ဆင်ဟွာ သတင်းဌာန နိုင်ငံတကာ သတင်း ထုတ်ပြန်ရေးစနစ်၏ ပထမဦးဆုံး အများသုံး မဟုတ်သည့်ဘာသာဖြင့် နိုင်ငံတကာ သတင်း ထုတ်ပြန်ရေး လုပ်ငန်းတရပ် ဖြစ်သည်။ ဆင်ဟွာ သတင်းဌာနသည် ကာလ တစ်လျှောက်လုံး တွင် နေ့စဉ် ၂၄ နာရီ စဉ်ဆက်မပြတ် တရုတ် ၊ အင်္ဂလိပ် ၊ ပြင်သစ် ၊ စပိန် ၊ ရုရှား ၊ အာရပ် ၊ ပေါ်တူဂီနှင့် ဂျပန်စသည့် ဘာသာစကား (၈) မျိုးဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးသို့ စာသတင်း ၊ ဓာတ်ပုံသတင်းနှင့် ဗွီဒီယိုသတင်း များကို ထုတ်လွှင့် လျက်ရှိပါသည်။ ထို့ကြောင့် မြန်မာဘာသာ စကားသည် ဆင်ဟွာ သတင်းဌာန နိုင်ငံတကာ သတင်း ထုတ်ပြန်ရေး စနစ်၏ နဝမမြောက် တရားဝင်သုံး ဘာသာစကား ဖြစ်လာပါသည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် (Mr. Yang Houlan) ၊ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝင် ဦးတင့်ဆွေ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဒုတိယ ဥက္ကဌ ဦးစိုးဝင်း ၊ မြန်မာနိုင်ငံ နာမည်ကြီး ဝါရင့် သတင်းစာ ဆရာကြီး ဖိုးသောကြာနှင့် ဆင်ဟွာ သတင်းဌာန ရန်ကုန်ဗျူရို Chief ဦးထွန်းဖေတို့မှ ဆင်ဟွာသတင်းဌာန မြန်မာဘာသာ အွန်လိုင်းမီဒီယာ ဖွင့်ပွဲတွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ သံအမတ်ကြီး ယန်ဟို့လန်၊ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝင် ဦးတင့်ဆွေ နှင့် ဒုတိယဥက္ကဌကြီး ဦးစိုးဝင်းတို့မှ ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့ပြီး ဆင်ဟွာ သတင်းဌာန မြန်မာဘာသာ အွန်လိုင်းမီဒီယာ ဖွင့်လှစ်ခြင်းသည် တရုတ်-မြန်မာ သတင်းဖလှယ်ရေး ပူးပေါင်း ဆောင်ရွက်မှု နှင့် နှစ်နိုင်ငံ ပြည်သူကြား ချစ်ကြည်ရင်းနှီးမှုအပေါ် အလေးထား အားပေးရာ ရောက်ကြောင်း ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

သံအမတ်ကြီး ယန်ဟို့လန်မှ ဆင်ဟွာသတင်းဌာန မြန်မာဘာသာ အွန်လိုင်းမီဒီယာ အောင်မြင်စွာ ထူထောင်နိုင်ခြင်းသည် တရုတ်-မြန်မာ သတင်းဖလှယ်ရေးတွင် ထင်ရှားသော ဆောင်ရွက်မှုတစ်ရပ် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ စာဖတ်ပရိတ်သတ် အနေဖြင့် ဆင်ဟွာသတင်းဌာနမှ ထုတ်လွှင့်သည့် မြန်မာဘာသာ စာသတင်း ၊ မြန်မာဘာသာ ဓာတ်ပုံသတင်းနှင့် မြန်မာဘာသာ အသံသွင်း သတင်းဗွီဒီယိုများအား အဆင်ပြေစွာ ဖတ်သား ကြည့်ရှု နိုင်သည့်အပြင် ၎င်းအွန်လိုင်း မီဒီယာသစ်မှတဆင့် တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများ အကြောင်းကို ပိုမိုသိရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြန်ကြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက ဆင်ဟွာ သတင်းဌာနသည် မြန်မာနိုင်ငံသို့ ၁၉၅၆ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ပြီး ဆင်ဟွာ၏ အားသာချက်မှာ မှန်ကန်သည့် သတင်းများကို မြန်မြန်ဆန်ဆန် တင်ပြပေးနိုင်ခြင်းဖြစ်သည်ဟုဆိုသည်။ “ယခုအသစ် ဖွင့်လှစ်လိုက်သော ဆင်ဟွာ သတင်းဌာနမှ မြန်မာဘာသာ အွန်လိုင်းမီဒီယာသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ၊ အပြန်အလှန် နားလည်မှုနှင့် မီဒီယာ ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရာ ရောက်ကြောင်း ၊ ဆင်ဟွာ သတင်း ဌာနက သတင်းတွေက မြန်မာပြည်သူတွေ အတွက် အကျိုးရှိခဲ့ကြောင်း ကျွန်တော်ပြောချင်ပါတယ်။’’ ဟုဦးတင့်ဆွေကပြောသည်။

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဌ ဦးစိုးဝင်းမှ ဆင်ဟွာ သတင်းဌာန မြန်မာဘာသာ အွန်လိုင်းမီဒီယာ အသစ်သည် ICT ခေတ်၏ တိုးတက် ပြောင်းလဲလာတာနဲ့ အမျှ မြန်မာနိုင်ငံ စာဖတ် ပရိတ်သတ်များ တိုက်ရိုက်ထိတွေ့နိုင်မည့် အဆင်ပြေသော လမ်းကြောင်းတစ်ခုအား ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ပြည်သူတို့၏ အစဉ်အလာကောင်းရှိသော ချစ်ကြည်ရေးနှင့် အပြန်အလှန် နားလည်မှု တိုးပွားစေရန် အတွက် အထောက်အကူပြုနိုင်မည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် ဆင်ဟွာသတင်းဌာန မြန်မာဘာသာ အွန်လိုင်းမီဒီယာ တာဝန်ခံမှ သက်ဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ တက်ရောက်လာသော ဧည့်သည်များမှာလည်း မိမိ၏ လက်ကိုင်ဖုန်းနှင့် ကွန်ပျူတာများမှ တစ်ဆင့် ဆင်ဟွာသတင်းဌာန မြန်မာဘာသာ အွန်လိုင်းမီဒီယာ၏ Application(App) ၊ ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ယက် စာမျက်နှာများကို လေ့လာခဲ့ကြပြီး အခမ်းအနား ကျင်းပနေစဉ် တခဏချင်းတွင်ပင် အွန်လိုင်းတွင် ဖော်ပြထားသော ဆင်ဟွာသတင်းဌာန မြန်မာဘာသာ အွန်လိုင်းမီဒီယာ ဖွင့်ပွဲအခမ်းအနား သတင်းနှင့် ဓာတ်ပုံ များအား ကြည့်ရှု ခဲ့ကြသည်။ ဧည့်သည်တော် များမှလည်း ဆင်ဟွာသတင်းဌာန မြန်မာဘာသာ အွန်လိုင်းမီဒီယာမှ တင်ဆက်သော သတင်း ၊ ဓာတ်ပုံနှင့် ဗွီဒီယို များသည် လက်ခံကြည့်ရှုရန် လွယ်ကူပြီး အရည်အသွေးကောင်းမွန် သောကြောင့် ချီးကျူး ထိုက်ကြောင်း ပြောကြားခဲ့ ကြသည် ။

ဆင်ဟွာ သတင်းဌာနကို ၁၉၃၁ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည် ။ ယခုအခါ နိုင်ငံ တကာ အကြီးဆုံး သတင်းဌာန များထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ဆင်ဟွာ ရန်ကုန် ဗျူရိုကို ၁၉၅၆ ခုနှစ် တွင် ဖွင့်လှစ် ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.