Connect with us

Science & Technology

ဆင်ဟွာ သတင်း ဌာန မြန်မာဘာသာ အွန်လိုင်း မီဒီယာ အား တရားဝင် စတင် ဖွင့်လှစ်

ဆင်ဟွာ သတင်း ဌာန မြန်မာဘာသာ အွန်လိုင်း မီဒီယာအား ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်

ရန်ကုန် ၊ မေ ၈ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူတို့ ၏ အစဉ်အလာ ရှိရင်းစွဲ ချစ်ကြည်ရေး နှင့် အပြန်အလှန် နားလည်မှု တိုးပွားစေရန် အတွက် တရုတ် နိုင်ငံ ဆင်ဟွာ သတင်း ဌာနမှ မြန်မာ ဘာသာ အွန်လိုင်း မီဒီယာကို မေလ (၈) ရက် နေ့က ရန်ကုန်မြို့ ၌ စတင် ဖွင့်လှစ်ခြင်း အခမ်း အနား ကျင်းပခဲ့သည်။

တရုတ်သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် (Mr. Yang Houlan) မှ ဆင်ဟွာ သတင်းဌာန မြန်မာ ဘာသာ အွန်လိုင်း မီဒီယာ ဖွင့်ပွဲ အခမ်းအနား တွင် မိန့်ခွန်း ပြောကြားနေစဉ်

မြန်မာ နိုင်ငံမှ စာဖတ် ပရိတ်သတ် အနေဖြင့် မိမိတို့၏ လက်ကိုင်ဖုန်း မှ ဆင်ဟွာ မြန်မာ မိုဘိုင်း Application (App) ကို အသုံးပြု၍ သော်လည်းကောင်း ၊ ဆင်ဟွာ မြန်မာ ဘာသာ ဝက်ဘ်ဆိုက် (Website) ၊ ဖေ့ဘွတ်ခ် (Facebook) ၊ ယူကျု့ (YouTube) ၊ တွစ်တာ (Twitter) နှင့် ဂူးဂဲပလပ်စ် (Google+) စသည့် မီဒီယာ အမျိုးမျိုး မှ လည်းကောင်း ဆင်ဟွာ မြန်မာ ဘာသာ သတင်း ၊ ဆင်ဟွာ မြန်မာ ဘာသာ ဓာတ်ပုံနှင့် ဆင်ဟွာ မြန်မာဘာသာ အသံသွင်း သတင်းဗွီဒီယိုများအား အဆင်ပြေစွာ ကြည့်ရှု နိုင်မည် ဖြစ်သည်။

ဆင်ဟွာ သတင်း ဌာန ၏ မြန်မာ ဘာသာ အွန်လိုင်း မီဒီယာ သည် ဆင်ဟွာ သတင်း ဌာန နိုင်ငံတကာ သတင်း ထုတ်ပြန်ရေး စနစ်၏ ပထမ ဦးဆုံး အများသုံး မဟုတ် သည့် ဘာသာ ဖြင့် နိုင်ငံတကာ သတင်း ထုတ်ပြန်ရေး လုပ်ငန်း တရပ် ဖြစ်သည် ။ ဆင်ဟွာ သတင်းဌာန သည် ကာလ တစ်လျှောက်လုံး တွင် နေ့စဉ် ၂၄ နာရီ စဉ်ဆက် မပြတ် တရုတ် ၊ အင်္ဂလိပ် ၊ ပြင်သစ် ၊ စပိန် ၊ ရုရှား ၊ အာရပ် ၊ ပေါ်တူဂီ နှင့် ဂျပန် စသည့် ဘာသာ စကား (၈) မျိုးဖြင့် ကမ္ဘာ့ နိုင်ငံ အသီးသီး သို့ စာသတင်း ၊ ဓာတ်ပုံ သတင်း နှင့် ဗွီဒီယို သတင်း များကို ထုတ်လွှင့် လျက် ရှိပါသည် ။ ထို့ကြောင့် မြန်မာ ဘာသာ စကား သည် ဆင်ဟွာ သတင်း ဌာန နိုင်ငံ တကာ သတင်း ထုတ်ပြန်ရေး စနစ် ၏ နဝမမြောက် တရားဝင် သုံး ဘာသာ စကား ဖြစ်လာပါသည်။

(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117