Connect with us

Science & Technology

ဓာတ်အားခဈေးနှုန်း ချိန်ညှိရေးဆောင်ရွက်သွားဖွယ်ရှိ

လျှပ်စစ်နှင့် စွမ်းအင် ဖိုရမ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဖေဇင်ထွန်း အဖွင့်မိန့် ခွန်းပြောနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

စွမ်းအင် လုံလောက်ရေး စီမံကိန်းတစ်ခုဖြစ်သည့် LNG တင်သွင်း ဖြန့်ဖြူးရေး လုပ်ငန်းတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များလည်း ပါဝင်ဆောင်ရွက်ခွင့် ရရှိမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဖေဇင်ထွန်းက ယနေ့ ပြောကြားခဲ့သည်

“မကြာမီကာလမှာ မလွဲမသွေ ဆောင်ရွက်ရမယ့် LNG တင်သွင်း ဖြန့်ဖြူးခြင်း အခန်းကဏ္ဍ မှာလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များ အတွက် ပါဝင်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းများ ရရှိလာမှာ ဖြစ်ပါတယ်” ဟု နေပြည်တော် Kempinski Hotel တွင် ယနေ့ နံနက် ပြုလုပ်သည့် MOGSS Forum 2017 ဖွင့်ပွဲ အခမ်းအနားတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ကုန်းတွင်းနှင့် ကမ်း လွန် ရေနံ လုပ်ကွက်များတွင် နိုင်ငံတကာ အတွေ့အကြုံရှိ ရေနံ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက် ခြင်း၊၊ MOGE ကိုယ်တိုင် ရှာဖွေ ထုတ်လုပ်ခြင်းများဖြင့် ကြိုးပမ်း ဆောင်ရွက်နေသည့်အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှု လုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပိုမိုပါဝင် လုပ်ကိုင်လာနိုင်စေရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ သစ်တော ပြုန်းတီးမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့နည်းစေ ရေးနှင့် မီးဖိုချောင်သုံး လျှပ်စစ် စွမ်းအား လျော့နည်း သက်သာစေရေးတို့အတွက် ရေနံ ဓာတ်ငွေ့ရည်တင်သွင်း ဖြန့်ဖြူးခြင်း လုပ်ငန်းကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပြုထားပြီး ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

TOTAL E & P ကုမ္ပဏီမှ အထွေထွေမန်နေဂျာ Mr. Ravier PREELက CSR ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

ပြည်ထောင်စုဝန်ကြီးက ကုမ္ပဏီအဖွဲ့အစည်းများအား ဆုချီးမြှင့်နေစဉ် (ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင် ဖိုရမ်သို့ တက်ရောက်လာသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ထို့အပြင် ၎င်းက “အသစ် ပြဌာန်းလိုက်တဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာလည်း ပုဂ္ဂလိက ကဏ္ဍ လုပ်ကိုင်ခွင့်တွေ ဖြေလျှော့ပေးလိုက်တဲ့အတွက် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးမှု ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှ့မှု အသစ်တွေ စီးဝင်လာဖို့ တံခါးဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သလို ရေနံထွက် ပစ္စည်းများ တင်သွင်း သိုလှောင် ဖြန် ဖြူးခြင်း လုပ်ငန်းကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များ ယှဉ်ပြိုင် လုပ်ကိုင်လာနိုင်ဖို့ အခွင့် အလမ်းတွေ ပိုမို ရရှိလာမှာ ဖြစ်ပါတယ်” ဟု ရှင်းပြခဲ့သည်။

ယခုအခါ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုတွင် နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိက ကဏ္ဍ ထုတ်လုပ်မှု ပမာဏ အချိုး တူညီလာပြီး ပုဂ္ဂလိက ဓာတ်အား ထုတ်လုပ်မှု ပိုမိုများပြားလာသည်နှင့်အမျှ ၎င်းတို့ထုတ်လုပ် သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်က ဝယ်ယူ ဖြန် ဖြူးပေးရသည့်အတွက် နိုင်ငံတော်က စိုက် ထုတ် ကျခံပေးရငွေ ပိုမို များပြားလာကြောင်း၊ ထို့ကြောင့် ဓာတ်အားခ ဈေးနှုန်း ချိန်ညှိရေးအတွက် ဆောင်ရွက်သွားဖို့ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော် အသီးသီးမှ ကိုယ်စားလှယ်များ၊ စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖိတ်ခေါ် ဆွေးနွေးပြီး ရလဒ်များကို ပြည်လူထုထံ ပွင့်လင်း မြင်သာစွာ ရှင်းလင်း တင်ပြသွားမည် ဖြစ်ပါကြောင်း လည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

MOGSS (Myanmar Oil and Services Society) ဖိုရမ်သို့ လျှပ်စစ်နှင့် စွမ်းအင် ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးဝင်းထိန်၊ လျှပ်စစ်နှင့် စွမ်းအင် ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ ဖြစ်ကြသည့် TOTAL E & P, Petronas Carigali, Posco Daewoo နှင့် PTTEP တို့မှ အရာရှိကြီးများ၊ MOGSS, Parami Eergy, Lion Energy, arons Machinery, Schlumerger, World Bank နှင့် MOEE မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး မိမိတို့ရေနံ လုပ်ကွက် အတွင်းရှိ ဒေသဆိုင်ရာ CSR (ဒေသတွင်း ပြည်သူများ အပေါ် လုပ်ငန်း အဖွဲ့အစည်းများ၏ လူမှုရေး တာဝန်ကျေပွန်မှု) အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြသည်။ ၎င်းတို့၏ CSR ဆောင်ရွက်မှုများအား အသိအမှတ်ပြုသည့် အနေဖြင့် ပြည်ထောင်စု ဝန်ကြီးက ဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.