Connect with us

Science & Technology

စတုတ္ထမြောက် မိုဘိုင်းလိုင်စင် အတွက် အဆိုပြုလွှာ တင်သွင်းရမည့် နောက်ဆုံးရက်ကြေညာ

မိုဘိုင်းအသုံးပြုနေသည့် ပြည်သူ့တစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

စတုတ္ထမြောက် မိုဘိုင်းလိုင်စင် အတွက် တင်ဒါလျှောက်ထားလိုသော ပြည်ပ ဆက်သွယ်ရေး အော်ပရေတာများ အား အဆိုပြုလွှာ တင်သွင်းရမည့် နောက်ဆုံးရက်အား ဒီဇင်ဘာလ ၁၈ ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း ဆက်သွယ်ရေး နှင့် သတင်းအချက် အလက် နည်းပညာ ဝန်ကြီးဌာနသတင်းထုတ်ပြန်သည်။

တင်ဒါအောင်မြင်သော ပြည်ပ ဆက်သွယ်ရေး အော်ပရေတာမှာ နိုင်ငံပိုင် ရတနာပုံတယ်လီပို့ (YTP) ဦးဆောင်သော ပြည်တွင်းကုမ္ပဏီ ၁၁ ခု စုပေါင်းဖွဲ့ထားသည့် အဖွဲ့အစည်းတစ်ခု နှင့် ပူးပေါင်းရမည်ဖြစ်သည်။

အစိုးရက ၂ဝ၁၃ ခုနှစ် တင်ဒါ ရွေးချယ်မှုတွင် အကြံပြုရန် ငှားရမ်းခဲ့သော ဂျာမနီနိုင်ငံအခြေ စိုက်အတိုင်ပင်ခံ ကုမ္ပဏီ Roland Berger အား အပြည်ပြည်ဆိုင်ရာ မိတ်ဖက်ကုမ္ပဏီရွေးချယ်ရန် ပြီးခဲ့သည့် လက ခန့်အပ်ခဲ့ ကြောင်းသိရသည်။

ဖက်စပ်လုပ်ငန်းတွင် ပြည်တွင်း ကုမ္ပဏီများ ပေါင်းစည်း ထားသည့် မြန်မာ အမျိုးသား တယ်လီကွန်းက အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင် မည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ မိတ်ဖက် ကုမ္ပဏီက အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။ ဆက်သွယ်ရေး နှင့် သတင်းအချက် အလက် နည်းပညာ ဝန်ကြီးဌာနမှ လာမည့် နှစ်တွင် ပေးအပ်မည့် စတုတ္ထမြောက် မိုဘိုင်း လိုင်စင် မှာ ၁၅ နှစ်ကြာ တရားဝင် သက်တမ်း ရှိမည်ဖြစ်ပြီး နောက်ထပ် ၁ဝ နှစ် သက်တမ်းတိုး နိုင်ကာ သက်တမ်းကာလမှာ ၂ဝ၁၃ ခုနှစ်က တယ်လီနော နှင့် အော်ရီဒူး တို့အား ပေးအပ်ခဲ့သည့် သက်တမ်း ကာလများ နှင့်အတူတူပင်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။

ပြည်တွင်း အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သည့် ရတနာပုံ တယ်လီပို့ (YTP) က စတုတ္ထမြောက် မိုဘိုင်းလိုင်စင်အတွက် အဆိုပြုလွှာ တင်ရန် ပြည်တွင်းကုမ္ပဏီများနှင့် အဖွဲ့အစည်းတစ်ခုဖွဲ့စည်း လိုကြောင်း ပြောကြားထားခဲ့သလို ဗီယက်နမ် နိုင်ငံမှ Viettel ကလည်း ယခင်က မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် စိတ်ဝင် စားမှုပြသခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်တွင် တယ်လီနော ဆင်းကတ်သုံးစွဲသူ ၁၁.၈ သန်း ရှိပြီး အမ်ပီတီ ဆင်းကတ် အသုံးပြုသူ ၁၅ သန်းရှိ သည်။ မြန်မာနိုင်ငံ ၏ မိုဘိုင်းဖုန်း ဆက်သွယ်မှုမှာ ၂ဝ၁၄ ခုနှစ် တတိယသုံးလတွင် ၉.၃ သန်း ရှိရာမှ ယခုနှစ် တတိယ သုံးလတွင် ၃၁.၆ သန်းထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117