Connect with us

Science & Technology

ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ကျားများ ကျက်စားမှုကင်မရာထောင်ချောက် များ ဖြင့် စစ်တမ်းကောက်ယူမည်

ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ကင်မရာတပ်ဆင်နေစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် နန်ဖီးလင်းနှင့် နန်ရမ်းယင်ဧရိယာထဲ ၌ ကျားများ ပျံ့နှံ့ကျက်စားမှုကို စစ်တမ်းကောက်ယူရန် ကင်မရာ ထောင်ချောက် ၅ဝ ဖြင့် သုတေသန ပြု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောထဲရှိ နန်ဖီးလင်းဧရိယာနှင့် နန်ရမ်းယင်ဧရိယာတို့တွင် ဧရိယာ တစ်ခုကို Block နှစ်ခုခွဲကာBlock တစ်ခုလျှင် ကင်မရာထောင်ချောက် အလုံး ၅ဝ ဖြင့် ယင်းတောထဲတွင် ကျက်စားသော ဘင်္ဂလားကျား (အိန္ဒိယကျား)များ၏ ပျံ့နှံ့ကျက်စား မှုများ၊ အကောင်အရေအတွက်နှင့် အစာကွင်းဆက်များကို စစ်တမ်း ကောက်ယူနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဘင်္ဂလားကျား (အိန္ဒိယကျား)နှင့် အင်ဒိုချိုင်းနားကျား ဟူ၍ ကျားမျိုးစိတ် နှစ်မျိုးရှိပြီး ဘင်္ဂလားကျား(အိန္ဒိယကျား) မျိုးစိတ် မှာ ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောထဲတွင် ကျက်စားလျက်ရှိကြောင်း၊ အဆိုပါ ကျားများ၏ ပျံ့နှံ့ကျက်စား မှုများအတွက် အောက်တိုဘာ ဒုတိယ ပတ်က နန်ဖီးလင်းဧရိယာထဲကBlockတစ်ခုတွင် တပ်ဆင်ထားသော ကင်မရာ ထောင်ချောက်များကို ပြန်လည်ဖြုတ်သိမ်းပြီး ကျန်ရှိသောBlock များတွင်လည်း တပ်ဆင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင်လည်း ထမံသီတောထဲတွင် ကင်မရာထောင် ချောက်များဖြင့် စစ်တမ်းကောက်ယူ ခြင်းများ ပြုလုပ်ခဲ့ရာ ကင်မရာ ထောင်ချောက်များကို နည်းစနစ်ပိုင်း အရ ကင်မရာပွိုင့်များကို တစ်ခုနှင့် တစ်ခု နှစ်ကီလိုမီတာ အကွာအဝေး တွင် တစ်ပွိုင့်လျှင် ကင်မရာထောင် ချောက် နှစ်လုံးစီဖြင့်Block တစ်ခုကို ၂၅ ပွိုင့် ထောင်ခြင်းဖြစ်သည်။

အဆိုပါ စစ်တမ်းကောက်ယူခြင်းကို သစ်တောဦးစီးဌာန ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော သစ်တောဦးစီး ဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တို့ ပူူးပေါင်း သုတေသန ပြုလုပ်ခြင်းဖြစ်ကြောင်း ကြေးမုံသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.