Connect with us

Science & Technology

ဒလမြို့နယ်နှင့်  ဆိပ်ကြီးခနောင်တိုမြို့နယ်တို့သို့ ဆက်သွယ်မည့် တွံတေး တူးမြောင်းကူး တံတားတစ်စင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်မှစတင် အကောင်အထည်ဖော်တည်ဆောက်မည် 

ဒလ နှင့် ရန်ကုန်ပြေးဆွဲနေသောသင်္ဘောတစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလမြို့နယ်နှင့်  ဆိပ်ကြီးခနောင်တိုမြို့နယ်တို့သို့ ဆက်သွယ်မည့် တွံတေး တူးမြောင်းကူး တံတားတစ်စင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်မှစတင်ပြီး  ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင် အထည်ဖော်            တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးရွှေလေး က ဆင်ဟွာကို သြဂုတ် ၈ ရက်တွင် ပြောသည်။

“ဆိပ်ကြီးခနောင်တိုမြို့နဲ့ ဒလမြို့နယ်ချင်း ဆက်သွယ် ပေးမယ့် တွံတေးတူးမြောင်းကူး တံတားကြီးက   ဆိပ်ကြီး ခနောင်တိုမြို့နယ်သားတွေအတွက်   မဖြစ်မနေလိုအပ် ပါတယ်။  ရန်ကုန်မြို့ကို သွားလာ ရာမှာလည်း     စက်တပ်သမ္ဗန်စီးပြီး      သွားလာနေရ တာဖြစ်တယ်။ဒါကြောင့် ပြည်သူတွေ အဆင်ပြေဖို့ အတွက် တံတားကိုဆောက်ရတာပါ။ တံတားတည်ဆောက်တဲ့အခါ ရေပိုက်လိုင်းပါ တပ်ဆင်ပါလာမှာဖြစ်တဲ့အတွက်  သောက်သုံးရေသန့်ကို    ရရှိလာမှာဖြစ်ပါတယ်’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ 

ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့်     ဒလမြို့နယ်တို့သို့ ဆက်သွယ်တည်ဆောက်မည့်    တွံတေးတူးမြောင်းကူး တံတားအမျိုးအစားမှာ သံမဏိ သံပေါင်တံတား၊  နှစ်လမ်း သွားဖြစ်ကြောင်း၊ တံတား အရှည် ၇၇၅ မီတာ၊ အကျယ် ၁၀ မီတာ၊  ချဉ်းကပ် လမ်းအပါအဝင် စုစုပေါင်း အရှည် ၂,၅၄၂ ပေ ရှိပြီး စုစုပေါင်း  ငွေကျပ် ၂၅ ဘီလီယံ ကုန်ကျမည်ဖြစ်ရာ  အဆိုပါတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန  တံတားဦးစီးဌာန  တံတား တည်ဆောက်ရေးအဖွဲ့  (၁)  မှ  တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း  ၅,၀၀၀ ချထားပေးခဲ့ပြီး ယခုအခါ မြေနေရာရှင်းလင်းခြင်း၊  စီမံကိန်းနေရာ  သတ်မှတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း ၎င်းကဆိုသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်သည် ရန်ကုန်တောင်ပိုင်း ခရိုင်အတွင်း ရှိပြီး မြို့နယ်၏ အရှေ့ဘက်တွင် ရန်ကုန်မြစ်နှင့် ဒလမြို့နယ်၊  အနောက်ဘက်တွင်  တွံတေးမြို့နယ်၊  တောင်ဘက်တွင် တွံတေးမြို့နယ်နှင့် ဒလမြို့နယ်၊ မြောက်ဘက်တွင် ရန်ကုန် မြစ်နှင့်    ကြည့်မြင်တိုင်မြို့နယ်တို့နှင့်      ထိစပ်လျက် ရှိကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.