Connect with us

Science & Technology

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးမြင့်လာနိုင်

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုတိုးတက်ရန် တိုးချဲတည်ဆောက်လျက်ရှိသော မဟာဓာတ်အားလိုင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုအနေဖြင့် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးမြင့်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မော်လမြိုင်-ချောင်းဆုံ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ ဖွင့်လှစ်ခြင်းအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးခဲ့သည့် ရေအား၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့် ဒီဇယ်ဓာတ်အားပေးစက်ရုံများမှ စုစုပေါင်း စက်တပ်ဆင်အား ၅၂၃၅ မဂ္ဂါဝပ်ဖြင့် ဓာတ်အားထုတ်လုပ်ပြီး ဓာတ်အားစနစ်မှ ထုတ်လုပ်ဖြန့်ဖြူးမှုမှာ ၂၀၁၅ ခုနှစ်အတွင်း အများဆုံး ၂၄၉၇ မဂ္ဂါဝပ်အထိရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ယနေ့ဆိုလျှင် ၂၅၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနေပြီဖြစ်လျှက်ရှိကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀၈၇၈ သန်းရှိသည့်အနက် ကျန်ရှိနေ သေးသည့် လျှပ်စစ်ဓာတ်အား မရသေးသည့် ၆၆ ရာခိုင်နှုန်းသော အိမ်ထောင်စုပေါင်း ၇ ဒသမ ၁၇၈ သန်းကို ဓာတ်အားဆက် သွယ်ဖြန့်ဖြူးပေးနိုင်ရန် ယခုထက်သုံးဆကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးရေးစီမံချက်အရ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် လျှပ်စစ်ဓာတ် အား ၄၅၃၁ မဂ္ဂါဝပ်၊ ၂၀၂၅ -၂၀၂၆ ခုနှစ်တွင် ၈၁၂၁ မဂ္ဂါဝပ်၊ ၂၀၃၀-၂၀၃၁ ခုနှစ်တွင် ၁၄၅၄၂ မဂ္ဂါဝပ်လိုအပ်မည်ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117