Connect with us

Science & Technology

ဘတ်စ်ကား မှတ်တိုင်များနှင့် ခုံးကျော် တံတားများကို ပြုပြင် ထိန်းသိမ်းရာတွင် ပြင်သစ် လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မည်

ရန်ကုန်မြို့တွင်းရှိ ခုံးကျော်တံတား တစ်စင်းကိုတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင်း ဘတ်စ်ကား မှတ်တိုင် များကို ခေတ်မီ၍ ကြည့်ကောင်းသော ဒီဇိုင်း ပုံစံဆန်းများ ပြုလုပ်ရာတွင်ပြင်သစ် လုပ်ငန်းရှင်များနှင့် အတူ ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်ထားပြီး နိုဝင်ဘာလတွင် လုပ်ငန်းများ စတင်ရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင် နီယာ ဌာန(လမ်း၊ တံတား)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရာတွင် အထောက်အကူ ပြုစေရန် ရည် ရွယ်၍ တည်ဆောက်ထားသော တံတားများ အနက် လှည်းတန်း ခုံးကျော် တံတား၊ ရွှေဂုံတိုင် ခုံးကျော် တံတား၊ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတား၊မြေနီကုန်း ခုံးကျော် တံတား၊ ရှစ်မိုင် ခုံးကျော် တံတား၊ကုက္ကိုင်း ခုံးကျော် တံတားနှင့် တာမွေခုံးကျော် တံတား တို့၏ ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများကို ပြင်သစ် လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက် သွားရန် စီစဉ်လျက် ရှိကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။
အဆိုပါ ပြုပြင် ထိန်းသိမ်းမှု များကြောင့် ယာဉ်သွားလာမှုများ မထိခိုက်စေရန် စီစဉ်ထားကာ အချိန်တို အတွင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မျှော်မှန်း ထားသကဲ့သို့ မှတ်တိုင်များ ဆောင် ရွက်မှု အပိုင်းတွင်လည်း ခုံးကျော်တံတား အတက်၊ အဆင်းနေရာ အနီးမှ မှတ်တိုင်များကို ဦးစားပေး လုပ်ဆောင်ရန် စီစဉ် ထားကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.