Connect with us

Science & Technology

ယခု ဘဏ္ဍာနှစ်အတွင်း အစိုးရ ငါးသားဖောက် စခန်းများမှ ငါးသားပေါက် အကောင်ရေ ၄၉၄ . ၉၆ သန်း မွေးမြူ ထုတ်လုပ်ပေးနိုင်ရန် မျှော်မှန်းထား

ငါးမွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ငါးမွေးမြူ ထုတ်လုပ်နိုင်မှု တိုးတက်လာရေး အတွက် ယခု ဘဏ္ဍာနှစ်အတွင်း အစိုးရ ငါးသားဖောက် စခန်းများမှ ငါးသားပေါက် အကောင်ရေ ၄၉၄ . ၉၆ သန်း မွေးမြူ ထုတ်လုပ်ပေးနိုင်ရန် မျှော်မှန်းထားကြောင်း ငါးလုပ်ငန်း ဦးစီးဌာန မွေးမြူရေးဌာနခွဲ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါ ငါးသားဖောက် စခန်းများမှ ထုတ်လုပ်သည့် ငါးသားပေါက်များကို ပြည်တွင်း၌ ငါးမွေးမြူရေး လုပ်ကိုင် နေသော လုပ်ငန်းရှင်များနှင့် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများအား ဖြန့်ဖြူး ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် လယ်ယာမြေများ အတွင်း စိုက်ပျိုးရေးနှင့် ငါးမွေးမြူရေး တွဲဖက် လုပ်ကိုင်နိုင်ရန် တောင်သူများအား ကူညီပေးလျက် ရှိကြောင်း၊ အစိုးရမှ ငါးသားပေါက် ထုတ်လုပ်သော စခန်းပေါင်း ၂၅ ခုရှိပြီး ယင်းမှ တစ်ဆင့် ငါးသားပေါက်များကို ဖြန့်ဖြူး ပေးနေခြင်း ဖြစ်ကြောင်းနှင့် ငါးမွေးမြူ ထုတ်လုပ်သော လုပ်ငန်းရှင်များ နှစ်စဉ် ငါးအစာ ကုန်ကြမ်းဈေးနှုန်း မြင့်တက်မှုကြောင့် ဆုံးရှုံးမှု မဖြစ်ပေါ်စေ ရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ငါးသားပေါက်များ ထုတ်လုပ်မှု တိုးတက်လာ စေရန် ဆောင်ရွက်နေပြီး သင့်တင့်သော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ထားကြောင်းနှင့် အဓိက အားဖြင့် ငါးမွေးမြူ ထုတ်လုပ်ရေး လျော့ကျမှု မရှိစေရန် ငါးမွေးမြူရေး လုပ်ငန်းများကို သဘာဝ ဘေးအန္တရာယ် ဖြစ်ပေါ်ပါက ထိခိုက်မှု မရှိစေသည့် နည်းလမ်းများ အသုံးပြု၍ မွေးမြူနိုင်ရန် နည်းပညာများ ပေးမည်ဖြစ်ကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.