Connect with us

Science & Technology

မြန်မာတစ်နိုင်ငံလုံးတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးအသုံးပြုနိုင်သည့်အိမ်ခြေပေါင်း ၄၀၃,၇၆၇ ရှိကြောင်းဆို

ဧရာဝတီတိုင်းဒေသကြီးတွင်အသုံးပြုလျက်ရှိသောဆိုလာပြားများအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အထိ မြန်မာတစ်နိုင်ငံလုံးတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးအသုံးပြုနိုင်သည့်အိမ်ခြေပေါင်း ၄၀၃,၇၆၇ ရှိကြောင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်ဦးခင်ဇော်က “လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ၂၀၃၀ပြည့်နှစ်မှာ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ဖို့ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။အဲဒီလို ဆောင်ရွက်ရာမှာ  မဟာဓာတ်အားလိုင်းမှ ဆက်သွယ်သည့်စနစ်နဲ့ ပြင်ပစနစ်များ နဲ့ ဆောင်ရွက်နေခြင်းဖြစ်ပြီး မဟာဓာတ်အားလိုင်း ပြင်ပစနစ် စီမံကိန်း ကိုကျွန်တော်တို့ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ အောက်တိုဘာ ၁၅ ရက်တွင်ပြောသည်။

မဟာဓာတ်အားလိုင်းပြင်ပစီမံကိန်းတွင်လည်း တစ်အိမ်သုံးဆိုလာစနစ် နှင့် အသေးစားဓာတ်အားစနစ်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တစ်အိမ်သုံးဆိုလာစနစ်မှာ မဟာဓာတ်အားလိုင်းမှ အနည်းဆုံး၁၀မိုင် ဝေးကွာပြီးနောက်၁၀နှစ်အတွင်း လျှပ်စစ်မီးမရရှိနိုင်သေးသောကျေးရွာဒေသများတွင် တစ်နိုင်တစ်ပိုင် အိမ်သုံးဆိုလာပြားများတပ်ဆင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းဆိုသည်။
မဟာဓာတ်အားလိုင်း ပြင်ပစီမံကိန်းမှ တစ်အိမ်သုံးဆိုလာစနစ်စီမံကိန်းကို စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အိမ်ခြေ၁၄၁,၄၆၅ အိမ်၊ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင် အိမ်ခြေ၈၇,၈၀၁ အိမ်၊၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် အိမ်ခြေ၁၁၅,၅၈၃အိမ်၊၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် အိမ်ခြေ ၅၈,၉၁၈ အိမ်၊ အိမ်ခြေစုစုပေါင်း ၄၀၃,၇၆၇ အိမ်အားဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.