Connect with us

Science & Technology

ရခိုင်ပြည်နယ် လေးမြို့ ရေအားလျှပ်စစ် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာရန် အမေရိကန် ဒေါ်လာ ၁ သန်း ပြင်သစ် နိုင်ငံမှ ကူညီမည်

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းနှင့် ပြင်သစ် နိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုး တက်ရေး ဝန်ကြီး မစ္စတာ ဂျီးမာ့ခ်အီရောင် တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင် မဂ္ဂါဝပ် ၆၉၀ ခန့် ထုတ်လုပ်နိုင်မည့် လေးမြို့ ရေအားလျှပ်စစ် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာရန် ပြင်သစ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၁ သန်း အား ကူညီပေးမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ် လေးမြို့မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အကြမ်းဖျဉ်းအားဖြင့် လေးမြို့စီမံကိန်း (၁) က မဂ္ဂါဝပ် ၆၀၀ ၊ လေးမြို့ စီမံကိန်း (၂) က မဂ္ဂါဝပ် ၉၀ စုစုပေါင်း မဂ္ဂါဝပ် ၆၉၀ ထုတ်လုပ်ရန် ရည်မှန်းထားပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ပထမ အနေဖြင့် ဖြစ်မြောက်နိုင်စွမ်းကို လေ့လာရာတွင် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၁ သန်း ကူညီပေးခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် လေးမြို့ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် မြန်မာနိုင်ငံ၏ လျှပ်စစ် လိုအပ်ချက် ဖြည့်ဆည်း နိုင်ရေး အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဖေဇင်ထွန်းနှင့် ပြင်သစ် နိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုး တက်ရေး ဝန်ကြီး မစ္စတာ ဂျီးမာ့ခ်အီရောင် တို့သည် ဇွန်လ ၁၈ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ယခုအခါတွင် မြန်မာနိုင်ငံ၏ ၃၄ ရာခိုင်နှုန်းသည် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပြီး ၆၆ ရာခိုင်နှုန်းသည် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ခြင်း မရှိသေးဘဲ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန် ရည်မှန်း ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.