Connect with us

Science & Technology

ရန်ကုန်-ပြည်ကားလမ်းအား အဆင့်မြှင့်တင်မှုဆောင်ရွက်လျက်ရှိ

ရန်ကုန်-ပြည်ကားလမ်းအားအဆင့်မြှင့်တင်ဆောင်ရွက်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းရှိ ရန်ကုန်-ပြည် ကားလမ်းမကြီးအား အဆင့်မြှင့်ပြုပြင် ဆောင်ရွက်လျက် ရှိရာ ဇီးကုန်းမြို့နယ် ကျွဲခြံရွာ မက်စ် ဟိုင်းဝေးကုမ္ပဏီတိုးဂိတ်မှ သာယာ ဝတီမြို့အထိ ၅၁ မိုင် ၆ ဖာလုံလမ်းပိုင်း အား ဖေဖော်ဝါရီလမှ စတင်၍BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရထားသော မက်စ်ဟိုင်းဝေးကုမ္ပဏီက နိုင်လွန် ကတ္တရာခင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

မူလကတ္တရာလမ်းအကျယ် ၁၈ ပေ မှ ၂၄ ပေအထိ တိုးချဲ့ပြီး နိုင်လွန် ကတ္တရာထပ်ပိုးလွှာတင်ခြင်းလုပ်ငန်း များကို စက်ယန္တရားအသစ်ကြီးများ ဖြင့် ဆောင်ရွက်လျက်ရှိရာ လမ်းဘေး တစ်ဖက်စီတွင် အကျယ်လေးပေရှိ ဂဝံ ကျောက်သားလမ်းပခုံးများလည်း ပါဝင် မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ပြည် ယခင်ကားလမ်း ပိုင်းမှာ ယိုယွင်းပျက်စီးမှုများ ရှိလာ ခြင်း၊ ယာဉ်စီးရေတိုးတက်များပြားလာ ခြင်းတို့ကြောင့် မတော်တဆ ယာဉ် တိုက်မှုများ ကင်းဝေးစေရန်နှင့် သွား လာမှုအဆင်ပြေချောမွေ့စေပြီး နိုင်ငံ တကာအဆင့်မီ လမ်းမကြီးများ ဖြစ်စေ ရန် ယခု ဆောင်ရွက်နေသော လမ်းပိုင်း အား ငွေကျပ် ၁ဝ ဘီလီယံ အကုန်ကျခံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇီးကုန်း ကျွဲခြံရွာ တိုးဂိတ်မှ သာယာဝတီအထိ ၅၁ မိုင် ၆ ဖာလုံ လမ်းပိုင်းမှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ တွင် လုပ်ငန်းများ ပြီးစီးမည်ဖြစ်ပြီး ကျွဲခြံရွာတိုးဂိတ်မှ ပြည်မြို့အထိ နိုင်လွန် ကတ္တရာခင်းလုပ်ငန်းအား ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလဆန်းတွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117