Connect with us

Science & Technology

ရုပ်သံလိုင်းအသစ်(၅)ခုနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ သဘောတူစာချုပ် လက်မှတ်ရေးထိုး

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ရုပ်သံလိုင်းအသစ်(၅)ခုတို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ရုပ်သံလိုင်းအသစ်(၅)ခုတို့အကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ(၁၇)ရက်နေ့က ရန်ကုန်မြို့ရှိ မြန့်မာ့အသံဝင်းအတွင်း ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်သော သတင်းအရသိရသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ လက်ရှိထုတ်လွှင့်နေသည့် Multi- Channel Playout System တွင် DVB – T 2 စနစ်ဖြင့် (Digital Free to Air) ရုပ်သံလိုင်းများ ထပ်မံဆောင်ရွက်နိုင်ရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပူးပေါင်းဆောင်ရွက် မည့် Content Provider အသစ် ငါးဖွဲ့ဖြစ်သည့် Mizzima Media Company Limited အုပ်ချုပ်မှု ဒါရိုက်တာနှင့် အယ်ဒီတာချုပ် ဦးစိုးမြင့်၊ DVB Multimedia Group Company Limited အုပ်ချုပ်မှု ဒါရိုက်တာ ဦးခင်မောင်စိုး၊ Fortune Broadcasting Company Limited ဥက္ကဋ္ဌ ဦးမြဟန်၊ KMA TeleMedia Holdings Company Limitedအုပ်ချုပ်မှု ဒါရိုက်တာ ဦးသတိုးကျော် နှင့် My Multi Media Group Company Limited Executive Project Director ဦးထွန်းထွန်းစိုးတို့နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး တို့က ထုတ်လွှင့်သည့် လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခြင်း သဘောတူ စာချုပ်များကို အပြန်အလှန် လက်မှတ် ရေးထိုးကြကြောင်း သိရသည်။

အဆိုပါ Content Provider ငါးဖွဲ့၏ ပိုမိုပြည့်စုံသည့် သတင်းအချက်အလက်၊ အသိအမြင်များ၊ ဖျော်ဖြေရေးအစီအစဉ်များကို မကြာမီ ကြည့်ရှု့နိုင်မည်ဖြစ်ကြောင်း သိရသည်။ ရုပ်သံလိုင်း(၅)လိုင်းအတွက် ပုဂ္ဂလိကကုမ္ပဏီများကို ၂၀၁၆ခုနှစ်စက်တင်ဘာလတွင် လျှောက်လွှာခေါ်ယူခဲ့ပြီး လျှောက်ထားသူ(၄၄)ဦးအထိရှိခဲ့ကြောင်း၊ အဆိုပါ လျှောက်ထားသူများထဲမှ၂၀၁၇ခုနှစ် မတ်လ(၂၈)ရက်နေ့မှ နောက်ဆုံးကုမ္ပဏီ(၅)ခုကို စိစစ်ရွေးချယ်ခဲ့ပြီး အစိုးရအဖွဲ့သို့၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၄)ရက်တွင် တင်ပြခဲ့ကာ အစိုးရမှ ၂/၂၀၁၈နှင့် သဘောတူခွင့်ပြုခဲ့သည့် အတွက် ရုပ်သံလိုင်း(၅)လိုင်းနှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.