Connect with us

Science & Technology

မြန်မာမီဒီယာနယ်ပယ်ရှိ စာနယ်ဇင်းသမားများ ICT နည်းပညာများနှင့် ပတ်သက်၍ ပိုမို ကျယ်ပြန့်စွာ သိရှိနိုင်စေရန် နည်းပညာ ဆွေးနွေးပွဲများ Huawei မှ စတင် ဆောင်ရွက်

Huawei မှ နည်းပညာ ဆွေးနွေးပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)

မြန်မာမီဒီယာနယ်ပယ်ရှိ စာနယ်ဇင်းသမားများ တိုးတက် ပြောင်းလဲလာသည့် ICT နည်းပညာများနှင့် ပတ်သက်၍ ပိုမို ကျယ်ပြန့်စွာ သိရှိနိုင်စေရန် ရည်ရွယ်ကာ Huawei မှ နည်းပညာဆွေးနွေးပွဲများကို ယခုလတွင် စတင် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ပထမဆုံး ဆောင်ရွက်သည့် ဆွေးနွေးပွဲကို “Future Direction of ICT in Myanmar & Role of media in ICT development” ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ရှိ Huawei Training Center ၌ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင် စတင် ကျင်းပခဲ့သည်။Huawei Myanmar ၏ ဒုတိယ ညွှန်ကြားရေးမှူး Mr. Zhu Bo က မြန်မာနိုင်ငံသားတွေအတွက် စွမ်းဆောင်ရည် မြှင့် တင်ရေး နှင့် ICT ကဏ္ဍအတွက် နည်းပညာ ကွာဟချက်များကို ဖြည့်ဆည်းပေးမည် ဆိုသည့် ရည်မှန်းချက် နှင့် အညီ မီဒီယာများက မြန်မာနိုင်ငံ၏ ICT နည်းပညာ တိုးတက်မှုများ အပေါ် ၎င်းတို့၏ အမြင်တွေကို ဖော်ပြနိုင်ကြရန် အပြု သဘောဆောင်သော ပလက်ဖောင်း တစ်ခု ဖန်တီးသည့် အနေဖြင့် လက်ရှိ ICT ကဏ္ဍတွင် တွင်ကျယ် နေသည့် cloud Computing နှင့် Internet-of-Things အကြောင်း အခမဲ့ ဆွေးနွေးပွဲများကို ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆွေးနွေးပွဲတွင် cloud computing အကြောင်း၊ တပ်ဆင်အသုံးပြုပုံ နှင့် ပြည်သူများအတွက် မည်ကဲ့သို့ အကျိုး ဖြစ်ထွန်း စေနိုင်သည်ဆိုသည့် အချက် အလက်များကို မီဒီယာများမှ တက်ရောက်လာကြသူများအား ICT နည်းပညာ ကျွမ်းကျင် ပညာရှင်က ရှင်းလင်း တင်ပြခဲ့ကြသည်။ထို့အတူ ဆွေးနွေးတင်ပြလိုက်သည့် နောက်ဆုံးပေါ် ခေတ်မီ ICT နည်းပညာ အကြောင်း ပိုမို ရှင်းလင်းစွာ သိရှိစေရန်နှင့် မီဒီယာများ ICTနည်းပညာနှင့် ပတ်သက်သော သတင်းဆောင်းပါးများရေးသား ဖော်ပြရာတွင် အထောက်အကူ ဖြစ်စေရန် အတွက် မေးခွန်းများမေးမြန်းကာ လွတ်လပ်စွာဆွေးနွေးနိုင်မည့်အစီ အစဉ်ကိုလည်း ဆွေးနွေးပွဲတွင် ထည့်သွင်း စီစဉ် ထားကြောင်း သိရသည်။စာနယ်ဇင်းသမားများအတွက် အဆိုပါ ဆွေးနွေးပွဲများကို သုံးလ တစ်ကြိမ် ပြုလုပ် ပေးသွားမည် ဖြစ်ပြီး ဆွေးနွေးပွဲများတွင် ယနေ့ခေတ်တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော ICT နည်းပညာများ အကြောင်း ကွဲပြားသည့် ခေါင်းစဉ်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)