Connect with us

Science & Technology

ရန်ကုန်-သန်လျင်တံတားပေါ်သို့ ၂၅တန်အောက် ကုန်တင်ယာဉ်များသာ ဖြတ်သန်းခွင့်ပြုမည်

သန်လျင်တံတားပေါ်တွင် ယာဉ်ဖြတ်သန်းသွားလာနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်-သန်လျင်တံတားပေါ်သို့ ၂၅တန်အောက် ကုန်တင်ယာဉ်များသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ တပ်ဖွဲ့ ခွဲမှူး ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောကြားသည်။

ရန်ကုန်-သန်လျင် တံတားတွင် နေ့စဉ်ပြေးဆွဲနေသည့် မော်တော်ယာဉ်များ များပြားလာသည့်နှင့်အမျှ ယာဉ်ကြော ပိတ်ဆို့မှုများဖြစ်ပွားနေပြီး ယခင် သန်လျင်တံတားသို့ ၃၆ တန် ကုန်တင်ယာဉ်များကို ဖြတ်သန်းခွင့် ပြုထားခဲ့ကြောင်း၊ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းမှု တစ်ရပ်အဖြစ် ၂၅ တန်အောက် ကုန်တင်ယာဉ်များ တံတားပေါ်သို့ ဖြတ်သန်းခွင့်ပြုမည်ဖြစ်သည်။

သန်လျင်တံတား တန်ပို ဂိတ်ကိုလည်း ကုလားဝဲတံတားသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း သန်လျင် တံတား မြို့ဝင်ကြေးဂိတ် သန်လျင် ဘက်ခြမ်းရှိ ယခင် ပိတောက်ရွှေဝါ ဟိုတယ်ရှေ့သို့ ပြောင်းရွှေ့ရမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.