Connect with us

Science & Technology

ရန်ကုန်-မန္တလေး အမြန်လမ်းအား အဆင့် မြှင့်တင်မှုကို ငါးနှစ်တာ ကာလအတွင်း အပြီးသတ်မည်မှန်း

ရန်ကုန်-မန္တလေးအမြန်လမ်း ပြုပြင်နေမှုအားမြင်တွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းအား နိုင်ငံတကာ အဆင့်မီ လမ်းမကြီးအဖြစ် အဆင့် မြှင့်တင်မှုကို ယခုငါးနှစ်တာ ကာလအတွင်း အပြီးသတ် လုပ်ဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ အမြန်လမ်းကို ဘေးအန္တရာယ် ကင်းရှင်းပြီး နိုင်ငံတကာ အဆင့်မီစေရန် အဆင့် မြှင့်တင်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်း အမြန်လမ်းမအား Pilot Project အဖြစ် ရန်ကုန်- နေပြည်တော် လမ်းပိုင်း ၁ဝ မိုင်နှင့် နေပြည်တော်-မန္တလေး လမ်းပိုင်း ၁ဝ မိုင်စီ ပါဝင်သည့် လမ်းပိုင်းနှစ်ခုကို အဆင့်မြှင့်တင် နေခြင်းဖြစ်သည်။ ထို့ပြင် အမြန်လမ်း

တစ်လျှောက် ယာဉ်မတော် တဆမှုအဖြစ် အများဆုံး နေရာများ၌ Road Patrol ယာဉ်နှစ်စီးဖြင့် စောင့်ကြပ် ကြည့်ရှုရန် မိုင်တိုင် အပိုင်းအခြား အလိုက်နှင့် အချိန်နာရီ အလိုက် တာဝန်ချထား ဆောင်ရွက်လျက် ရှိပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကုသရေး ဦးစီးဌာနက ယာဉ် မတော်တဆမှု များဖြစ်ပွားပါက အမြန်လမ်း တစ်လျှောက်၌ အရေးပေါ်လူနာ ကုသရေး စခန်းများ ဖွင့်လှစ် ပေးထားကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း သည် ဝဲယာ တစ်ဖက်သုံးလမ်း စီဖြင့် ခြောက်လမ်းသွား လမ်းမကြီးဖြစ်ပြီး လမ်းဝဲယာ၌ Guard Rail နှင့် ခြံစည်းရိုး ခတ်ခြင်းများ လုပ်ဆောင်လျက် ရှိကြောင်းဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.