Connect with us

Science & Technology

အထက်ရဲရွာ စီမံကိန်း လာမည့် ၂ နှစ်အတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိ

အထက်ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း အား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

နိုင်ငံတော် ဓာတ်အား စနစ်နှင့် ချိတ်ဆက်၍ ပြည်တွင်းသို့ ဓာတ်အား ပို့လွှတ် ဖြန့်ဖြူး ပေးသွားမည့် လျှပ်စစ် မဂ္ဂါဝပ် (၂၈၀) ထုတ်လုပ်နိုင်မည့် အထက်ရဲရွာ စီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် ပြီးစီး နိုင်ရန် ဆောင်ရွက်လျက် ရှိနေကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။

အထက် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်းကို ၂၀၁၀ ခုနှစ်မှ စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး (၇၀) မဂ္ဂါဝပ်ရှိ ဓာတ်အားပေး စက် (၄) လုံးဖြင့် စုစုပေါင်း တပ်ဆင် စက်အင်အား (၂၈၀) မဂ္ဂါဝပ် တပ်ဆင်ပြီး တစ်နှစ်လျှင် ပျမ်းမျှ လျှပ်စစ် ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း (၁,၄၀၉) သန်း ထုတ်လုပ် ပေးနိုင်မည့် စီမံကိန်း ဖြစ်ကြောင်း သိရသည်။

အထက် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်းသည် ဒုဋ္ဌဝတီမြစ် ပေါ်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့၏ တောင်ဘက် မိုင် (၂၀) ခန့် အကွာတွင် တည်ရှိပြီး စီမံကိန်းကို ရေအား လျှပ်စစ် အကောင်အထည် ဖော်ရေး ဦးစီးဌာန တည်ဆောက်ရေး (၃) က ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဒုဋ္ဌဝတီ မြစ်ပေါ်တွင် ရဲရွာ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ (၇၉၀) မဂ္ဂါဝပ်ကို ပထမဆုံး အကောင် အထည်ဖော်၍ တည်ဆောက် ဖွင့်လှစ်ခဲ့ပြီး ယခု အထက်ရဲရွာ စီမံကိန်း (၂၈၀) မဂ္ဂါဝပ်သည် ဒုတိယ မြောက် စီမံကိန်း ဖြစ်သည်။

ထို့အပြင် ဒုဋ္ဌဝတီ မြစ်ပေါ်တွင် ဒီးဒုတ် (အနိမ့်တမံစနစ်) စီမံကိန်း (၆၆) မဂ္ဂါဝပ်၊ နမ္မတူ (သီပေါ) စီမံကိန်း (၁၀၀) မဂ္ဂါဝပ်၊ အလယ် ရဲရွာ စီမံကိန်း (၇၀၀) မဂ္ဂါဝပ် စီမံကိန်း (၃) ခု စုစုပေါင်း ၈၈၆ မဂ္ဂါဝပ် အား ပဏာမ စူးစမ်း လေ့လာရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် စီမံကိန်း (၅) ခုလုံး ပြီးစီးပါက ဒုဋ္ဌဝတီ မြစ်ပေါ် မှ လျှပ်စစ်ဓာတ်အား (၁,၉၃၆) မဂ္ဂါဝပ်ကို တပ်ဆင် ထုတ်လုပ်ပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.