Connect with us

Science & Technology

အထည်ချုပ် လုပ်ငန်းများ အတွက် လိုင်စင်များကို Fully Online Licensing System ဖြင့် ဆောင်ရွက်ပေးမည်

အထည်ချုပ် လုပ်ငန်းတစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

အထည်ချုပ် လုပ်ငန်းများ အတွက် လိုင်စင်များကို Fully Online Licensing System ဖြင့် ဇူလိုင် လဆန်းတွင် စတင်ထုတ်ပေး နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ သိရသည်။

ပို့ကုန်ပစ္စည်း ၂၈ မျိုးနှင့် သွင်းကုန်ပစ္စည်း ၁၅ မျိုးကို Fully Online Licensing System ဖြင့် ဇွန်လ ၇ ရက်တွင် စတင်လိုင်စင် လျှောက်ထားခွင့်ပြု ခဲ့ပြီး အထည်ချုပ် လုပ်ငန်းများ အပြင် ကျန်ရှိသော ကုန်ပစ္စည်း အမယ်များကိုလည်း အဆင့်လိုက် တိုးမြှင့်ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပို့ကုန်သွင်းကုန် လိုင်စင် စနစ်တွင် လုပ်ငန်းရှင်များ အနေဖြင့် အွန်လိုင်းစနစ်တွင် ငွေပေးချေခြင်း ပါဝင် သောကြောင့် မြန်မာ နိုင်ငံသားများ ဘဏ်တွင် စာရင်းရှင် ဖွင့်လှစ် သွားရန် လိုအပ်ကြောင်း၊ သို့မှသာ ငွေကြေး များအား သက်ဆိုင်ရာ စာရင်းများမှ e-Payment စနစ်ဖြင့် ဖြတ်တောက် နိုင်မည် ဖြစ်သည်။

ပို့ကုန်သွင်းကုန် လိုင်စင်များကို ထုတ်ပေးရာတွင် ယခင် လုပ်ဆောင်ခဲ့သော Local Online စနစ်မှ Fully Online Licensing System သို့ ဇွန်လအတွင်းမှ စတင်၍ အဆင့်မြှင့်တင် လုပ်ဆောင်ခြင်း ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် ဖြစ်သော www.myanmartrade.com မှ တစ်ဆင့် member ဝင်ထားသူ များသည် အင်တာနက် ရရှိသည့် မည်သည့် နေရာ၌မဆို ပို့ကုန်သွင်းကုန် ကုန်ပစ္စည်း အမျိုးအစား ၅ဝ ကို လျှောက်ထား နိုင်မည် ဖြစ်သည်။

Fully Online Licensing System အသုံးပြုပုံနှင့် ပတ်သက်သည့် Guide book အား http://www. umfcci.com. mm/fullyonline တွင် ဖော်ပြထားကြောင်း UMFCCI (မြန်မာနိုင်ငံကုန်သည် စက်မှုလက်မှု အသင်းချုပ်) မှ သတင်း ထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.