Connect with us

Science & Technology

ဘက်ထရီ ၂ ရက်ခန့် သုံးနိုင်မည့် Huawei Y6Pro မိတ်ဆက်

Huawei Y6Pro အားတွေ့ရစဉ် (ဓာတ်ပုံ- Huawei )

ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ)

ဖုန်းကို အချိန်များစွာ အသုံးပြုသည့်တိုင် Huawei Y6Pro သည် ဘက်ထရီ ၂ ရက်ခန့် အသုံးပြုနိုင်သည့် စမတ်ဖုန်း တစ်ခု ဖြစ်ဖြစ်ကြောင်း Huawei Consumer Business Group မှ သတင်း ထုတ်ပြန်သည်။

၎င်းဖုန်း၏ အားသာချက် အနေဖြင့် ဘက်ထရီသည် အားသွင်းချိန် အလွန် မြန်ဆန်ပြီး ဘက်ထရီအား ဝ% ရှိသော အခြေအနေတွင်ပင် ၁၀ မိနစ် အားသွင်းရုံဖြင့် သုံးနာရီကြာ ဖုန်းပြောနိုင်သည့် အပြင် အခြား ပစ္စည်းများနှင့် ဖုန်းများအား အားသွင်းပေးနိုင်သည့် သယ်ရ လွယ်ကူသော အားသွင်းပစ္စည်း အဖြစ် နှစ်မျိုး အသုံးပြုနိုင်သော ကိရိယာလည်း ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
လွန်ခဲ့သော ဆယ်စုနှစ် ကတည်းက Huawei မှ R&D ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန် ဒေါ်လာ ဘီလီယံ ၃၀ကျော် ရင်းနှီးမြှုပ်နှံထားပြီး ဖုန်းကို စစ်ဆေးမှုပေါင်း ၅၀ ခန့်ထိ စမ်းသပ် စစ်ဆေးထားပြီး ဖြစ်ကြောင်း၊ ဖုန်းဘက်ထရီအား ၃ နှစ်ကြာ သုံးစွဲပြီးနောက် ယင်းစွမ်းဆောင်ရည်၏ ၈၀% အထက် ထိန်းသိမ်းထား နိုင်သေးသည်ကို စမ်းသပ်မှုများမှ တဆင့် ဖော်ပြထားကြောင်း သိရသည်။
Huawei Y6Proသည် ၅ လက်မအရွယ် HD မျက်နှာပြင် ပါရှိသည်။ ၎င်းစမတ်ဖုန်းတွင် ထူးခြားချက် ၃ ခု ပါရှိကြောင်း ၊ ၎င်းထူးခြားချက် ၃ ခုမှာ 4000mAh ဘက်ထရီသည် Power Saving 3.0 နည်းပညာဖြင့် ၂ ရက်တာ အသုံးခံခြင်း၊ ၎င်း၏ အားသွင်း ကိရိယာသည် ပိုမို လျင်မြန်စွာ အားသွင်းနိုင်ရုံမျှမက ၁၀ မိနစ် အားသွင်းရုံဖြင့် ၃ နာရီကြာ စကားပြော နိုင်ရန်လည်း လုပ်ဆောင်ပေးနိုင်ခြင်း၊ Huawei အနေဖြင့် ပထမဦးဆုံး အကြိမ်အဖြစ် သယ်ဆောင်ရ လွယ်ကူသော အားသွင်း ပစ္စည်းနှင့် အခြားစမတ်ဖုန်း သို့မဟုတ် အခြားကိရိယာများကို အားသွင်းပေးနိုင်သည့် ကိရိယာ အဖြစ် ဖုန်းများကို နှစ်မျိုး အသုံးပြုနိုင်စေမည့် ပြန်လည် အားသွင်းနိုင်သည့် အသွင်သစ်အား Y series ဖြစ်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။
၎င်း စမတ်ဖုန်းတွင် 13MP rear-facing camera ပါရှိပြီး ၇ လွှာ မှန်ဘီလူးတွင် မည်သည့် အချိန်တွင် မဆို ရိုက်ကူးနိုင်ရေး အတွက် F2.0 အလင်းပေါက် ပါရှိပြီး F2.2 အလင်းပေါက်နှင့် 5 MP ရှေ့ဘက် ကင်မရာ၊ ကင်မရာနှင့် အရိုက်ခံ ပစ္စည်းကြားရှိ ထောင့်ကျယ် အကွာအဝေးနှင့် သိပ်သည်းဆမြင့် အာရုံခံ စနစ်တို့ ပါရှိသည်။
Huawei Y6Pro သည် နည်းပညာဆိုင်ရာ အဆင့်မြင့်ထားသော စမတ်ဖုန်း တစ်လုံး ဖြစ်ကြောင်း၊ ၈.၅ မီလီမီတာ အထူခန့်သာ ရှိသော ဖုန်းဖြစ်သောကြောင့် လက်တစ်ဖက်တည်းဖြင့် ကောင်းစွာ ထိန်းချုပ် နိုင်ကြောင်း၊ ၎င်း၏ အလယ်ဖရိန်တွင် ပါးလွှာသော သတ္တုလွှာ နည်းစနစ်က အသုံးပြုသူများ အနေဖြင့် ၎င်းတို့၏ ဖုန်းအား မတော်တဆ ဖွင့်မိစေမှုမှ တားဆီးပေးနိုင်ကြောင်း သိရသည်။
Huawei Y6Pro ၏ ဈေးနှုန်းမှာ ကျပ် ၁၆၉,၀၀၀ ဖြစ်သည်။ အရောင်အနေဖြင့် ရွှေရောင်နှင့် အဖြူရောင် (၂)ဘ မျိုးရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.