Connect with us

Science & Technology

ရန်ကုန် မြို့ပတ်လမ်းပိုင်းတွင် ရထားလမ်းကူး လူကူး ခုံးကျော်တံတား ၃၄ စင်း ဆောက်လုပ်သွားမည်

ခုံးကျော်တံတား တည်ဆောက်ရန် လိုအပ်နေသော ရန်ကုန်မြို့တွင်း ကား-ရထား လမ်းဆုံ တစ်နေရာကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၅ ရက် (ဆင်ဟွာ)

ရန်ကုန် မြို့ပတ်လမ်းပိုင်းရှိ ရထား တွဲဆိုင်းများအား အရှိန် မြှင့်တင် ပြေးဆွဲနိုင်ရေးနှင့် ရထားလမ်း ဖြတ်ကူးသူများ လုံခြုံစိတ်ချ စေရေးအတွက် လာမည့် ၂ဝ၁၇ -၂ဝ၁၉ ခုနှစ် ဘတ်ဂျက်ကာလများ အတွင်း ရထားလမ်းကူး လူကူး ခုံးကျော်တံတား ၃၄ စင်းကို ထပ်မံ ဆောက်လုပ်သွား မည်ဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်းမှ သိရသည်။

ရန်ကုန် မြို့ပတ် လမ်းပိုင်းတွင် ရထားလမ်းကူး လူကူးခုံးကျော် တံတား ၃၄ စင်း ဆောက်လုပ်ရန် လိုအပ်ကြောင်း တွေ့ရှိရသဖြင့် ၂ဝ၁၇- ၂ဝ၁၈ ခုနှစ် ဘတ်ဂျက်ကာလ အတွင်း ရထားလမ်းကူး လူကူး ခုံးကျော်တံတား ၁၇ စင်း ၊ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် ဘတ်ဂျက်ကာလအတွင်း၌ ရထား လမ်းကူး လူကူး ခုံးကျော် တံတား ၁၇ စင်းကို ထပ်မံ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် မြို့ပတ် လမ်းပိုင်း၌ ယခုအခါတွင် ရထားလမ်း လူကူး ခုံးကျော်တံတား ၃၆ စင်းရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.